တောင်ကြီးဗုံးပေါက်ကွဲမှုမှ တရားခံဟုယူဆရသူအား ဖမ်းဆီးစစ်ဆေးနေချိန် မပေါက်ကွဲသေးသောဗုံး များအား ထပ်မံရှာဖွေတွေ.ရှိ

ပို့စ်တင်ချိန် - 12/16/2013 08:49:00 AM





ဒီဇင်ဘာလ(၈ ) ရက်နေ.က ရှမ်းပြည်နယ် ၊တောင်ကြီးမြို.၊ မြို.မ ရပ်ကွက် အတွင်းဖြစ်ပွားခဲ .သော ဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်၍ သက်ဆိုင်ရာ မှ ဗုံးပြုလုပ်သူအား ဖမ်းဆီးရမိပြီးဖြစ်သော် လည်း မပေါက်ကွဲသေးသော ဗုံးအချို.အား တောင်ကြီးမြို.ပေါ်ရှိ ကန်အောက်ရပ်ကွက်ရှိ တံတားအောက်တွင် ပြည်သူများ၏သတင်းပေးချက်အရ ထပ်မံရှာဖွေတွေ.ရှိခဲ.ရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ.မှူးရုံးမှ သိရသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ.မှူးရုံး မှ တာဝန်ရှိ အဆင့်မြင့်ရဲအရာရှိတစ်ဦး က မြို.မရပ်ကွက် မှာဖြစ်ခဲ.တဲ. လက်လုပ်ဗုံးပေါက်ကွဲမှုနဲ.ပတ်သတ်လို. အိမ်ရှင်ဖြစ်သူ ကိုစစ်ဆေး လိုက်တော့ သူကပထမပိုင်းမှာငြင်းသေးတယ်။နောက်မှငါးဗုံးခွဲဖို.လုပ်တာလို.အစစ်ခံတယ်။ဒါပေမဲ.ဒီလက်လုပ်ဗုံးဘယ်ကရလဲဆိုတာထပ်စစ်တော့နောက်ဆုံးထပ်မံ စစ်ဆေးတွေ့ရှိချက် အရ လက်လက်ဗုံး တရားခံစစ်ဆေးရာ၌ တောင်ကြီးမြို့၊ကံသာရပ်၊ဂျိုးဖြူလမ်း မှာနေပြီး တီဗွီပြင်တဲ.ဦးရရှစ်ခန်း(ခ)ဦးရဲလွင်၊(၅၃)နှစ်၊(ဘ)ဦးရဲမြင့်က ပြုလုပ်ပေးခဲ့တယ် ဆိုတာကို သိရလို.အဲဒီလူကို ကျွန်တော် တို.အနေနဲ.ထိန်းသိမ်းစစ်ဆေးတဲ.အခါမှာ တန်ဆောင်တိုင်ပြီးဖို့ (၂)ရက်အလိုက လက်ဖက်ရည် ဆိုင်မှာ ဦးဟာဂျီယူစွတ် (ခ) ဦးမြင့်သိန်းနဲ. ဦးရရှစ်ခန်း(ခ)ဦးရဲလွင်တို့တွေ့ပြီး ငါးမိုင်းခွဲဖို.အတွက် ဦးမြင့်သိန်းက ပြုလုပ် ခိုင်းခဲ့တယ်လို.ပြောတယ်။ ငါးမိုင်းခွဲဖို.အတွက်ကိုသူ.မှာရှိတဲ့ မြင်းသီလ(ခ)ဆေးဒန်း၊ပိုတက်(ယမ်းပြုလုပ်သောအရာ)၊သံပိုက်လုံးအရှည်ထိပ်ပိတ်နောက်ပိတ်၊သံပိုက် ကပ်ကော်နှင့်ပြုလုပ် ပေးခဲ့တယ် လို.ထွက်ဆို ခဲ.တယ်ဟု ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ.ဌာနချုပ်၏တာဝန်ပေးချက်အရ၄င်းပေါက်ကွဲမှုနှင့်ပတ်သတ်၍ရန်ကုန်တိုင်းဒေသကြီး မှုခင်း တပ်ဖွဲ့၏စစ်ဆေးတွေ့ရှိချက်အရလက်လုပ်ဗုံးတွင်ဘောစေ့နှင့် ခဲများပါဝင်ပါက နံရံတွင် စင်ထားမည်ဖြစ်ရာ ဘောစေ့ရာများတွေ့ရှိ ရမည် ဖြစ်သော်လည်း ယခုပေါက်ကွဲခဲ့သော လက်လုပ်ဗုံးတွင် ခဲနှင့်ဘောစေ့များဖြင့်ပြုလုပ်ထား သည်ကို မတွေ့ရှိ ရကြောင်း၊ အသံမြည်ရန် သက်သက်သာပြုလုပ်ထားကြောင်း၊သို.ရာတွင် ထိုဗုံးကြောင့် အိမ်ရှင်ဖြစ် သူမှာခြေကျင်း ၀တ်ပြတ်တောက်မှုဖြစ်ပေါ်ခဲ.သည့်အတွက် ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း မူခင်းရဲတပ်ဖွဲ .မှ ရဲအရာရှိတစ်ဦး၏ပြောကြားချက်အရ သိရသည်။

ထိုသို.သက်ဆိုင်ရာမှ ဗုံးပြုလုပ်သူအားဖမ်းဆီးစစ်ဆေးလျှက်ရှိသော်လည်း ဒီဇင်ဘာလ (၁၃)ရက်နေ.ည ၈နာရီခွဲအချိန်ခန်.၌ တောင်ကြီးမြို.၊ကန်အောက်ရပ်ကွက်ရှိအမွှာညီအမကုန် စည်ပို. ဆောင်ရေးဝင်းအနီးရှိတံတားအောက်တွင်ဗုံးဟုမသင်္ကာဖွယ်ရာပစ္စည်းများအားပြည်သူတစ်ဦးမှတွေ.ရှိရသည့်အတွက်သက်ဆိုင်ရာမှလာရောက်စစ်ဆေးရာဖျက်အားပြင်းဗုံးများဖြစ်ကြောင်းစစ်ဆေးတွေ.ရှိရသည့်အတွက်ဒီဇင်ဘာ(၁၄)ရက်နေ.မနက်ပိုင်း၌တောင်ကြီးမြို့စိန်ပန်းရပ်ကွက် အ.ထ.က(၈(ယခင်အ.လ.က၁)ကျောင်းဘေးကပ်ရပ်ရှိဘောလုံးကွင်းတွင် စစ်တပ်၊ရဲနှင့်ဗုံးကျွမ်း ကျင်သူ များမှဖောက်ခွဲဖျက်ဆီးခဲ.ကြောင်းမျက်မြင်တွေ.ရှိသူတောင်ကြီးမြို.ခံများကပြောသည်။

ထိုသို.ဗုံးတွေ.ရှိမှုနှင့်ပတ်သတ်၍ သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးစုံစမ်းလျှက်ရှိပြီးပေါက် ကွဲမှုဖြစ်ပွားရာတွင် အဓိကပါဝင်ပတ်သတ်နေသူ ဦးရရှစ်ခန်း(ခ)ဦးရဲလွင်အား တောင်ကြီး မြို့မရဲစခန်းမှ (ပ)နံပါတ် ၃၁၃/၂၀၁၃ ပေါက်ကွဲစေတတ်သော အရာ ၀တ္ထုများ အက်ဥပဒေပုဒ်မ- ၅ အရအမှုဖွင့်အရေးယူထားကြောင်း ထပ်မံသိရသည်။

သူရ — အစောကတွေ့တဲ့ဗုံးကိစ္စဖော်ရင်းနဲ့နောက်ထပ်ဗုံးထပ်တွေ့ပြန်ပြီတဲ့ဗျာ (12 photos)
ပြစ်မှုများကိုဖော်ပြပေးမည်