ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားသော ခိုးမှုမှတရားခံအား ဖော်ထုတ်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 12/16/2013 10:30:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၁၅

၈.၁၂.၂၀၁၃ ရက်နေ့ တွင် ရွှေပြည်သာမြို့နယ်၊ သာဓုကန်ရွာဦးပရိယတ္တိ စာသင်တိုက်ဆရာတော် သည် ပုသိမ်မြို့သို့တရားဟောသွားရောက်ခဲ့ရာ ၁၀.၁၂.၂၀၁၃ ရက်နေ့၁၇၀၀ အချိန်တွင်ပြန်လည်ရောက်ရှိ ခဲ့ပြီး
၁၁.၁၂.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်တွင် ၎င်း၏အခန်းအတွင်းရှိ မီးခံသေတ္တာသော့ပျက်ဆီးနေသည်ကိုတွေ့ရှိ၍စစ်ဆေးရာ မီးခံသေတ္တာအတွင်းမှ ငွေကျပ်(၂၃)သိန်းနှင့်ကုတင်ပေါ်တွင် ထားရှိသော ငွေကျပ်(၂)သိန်း၊ စုစုပေါင်း(၂၅)သိန်းတို့ ပျောက်ဆုံးနေသောကြောင့် ခိုးယူသူအားအရေးယူပေးရန် စာသင်တိုက်၏
ပစ္စည်း(၄)ပါးဒါယိကာ ဦးသောင်းကြိုင်မှ တရားလိုပြုလုပ်တိုင်တန်း မှုအား လှော်ကားနယ်မြေရဲစခန်း(ပ)၃၆၆/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်လှော်ကားနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အမှုမှတရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ လွန်ခဲ့သော (၁)နှစ်ခန့်က အဆိုပါစာသင်တိုက်တွင် ကိုရင်ဝတ်၍လူထွက်သွားပြီး စာသင်တိုက်သို့ဝင်ထွက် သွားလာလေ့ရှိသူ တင်မျိုးထွန်း(ခ)ကြီးကြီး (ခ)ခတော့ (ဘ)ဦးလှဝင်း၊ သာဓုကန်စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ် နေသူအား မသင်္ကာဖမ်းဆီးစစ်ဆေးရာ ဆရာတော်၏အခန်းအတွင်းမှ ငွေများ ခိုးယူခဲ့ကြောင်းပေါ်ပေါက်ပြီး ခိုးယူရရှိသောငွေအချို့ဖြင့် ၀ယ်ယူထားသော ဆိုင်ကယ်နှင့်သက်သေခံ ပစ္စည်းများအား သိမ်းဆည်းကာ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police