ရေ​ကြီး​မှု​ကြောင့် ​ကျိုင်း​တုံ​တွင် ​စိုက်​ခင်း​များ ​ပျက်​စီး

ပို့စ်တင်ချိန် - 12/16/2013 04:11:00 PM


ရှမ်း​ပြည်​အေ​ရှ့​ပိုင်း ​ကျိုင်း​တုံ​မြို့​နယ်​ထဲ​မှာ ​ဒီ​နှစ်​ထဲ ​တ​တိ​ယ​အ​ကြိမ် ​ရေ​ပြန်​ကြီး​တဲ့​အ​တွက် ​လယ်​ယာ​စိုက်​ပျိုး​သီး​နှံ ​ဆုံး​ရှုံး​မှု​တွေ ​ရှိ​နေ​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​ရက်​ပိုင်း​အ​တွင်း ​အ​ချိန်​အ​ခါ​မ​ဟုတ် ​မိုး​တွေ ​ဆက်​တိုက်​ရွာ​သွန်း​ခဲ့​တဲ့​အ​တွက် ​ကျိုင်း​တုံ​မြို့ ​အေ​ရှ့​ဘက်​က ​နမ့်​ခွန်​နဲ့ ​နမ့်​ခတ် ​ချောင်း​ရေ​တွေ ​လျှံ​ကျ​ပြီး ​ဒီ​ဇင်​ဘာ ၁၄ ​ရက် ​ည​နဲ့ ၁၅ ​ရက်​တွေ​မှာ ​စိုက်​ခင်း​ထဲ​ကို ​ရေ​တွေ ၀င်​လာ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

ဒါ့​အ​ပြင် ​ကတ်​တောက်​နဲ့ ​ယန်း​ကိန်​ရွာ​ကြား​  ​အ​ရှည်​ပေ ၁၀၀ ​ကျော်​ရှိ ​နမ့်​ခွန်​ချောင်း​ကူး ​တံ​တား​ရော၊ ​ယန်း​ပေါက်​နဲ့ ၀မ့်​ပန်​ရွာ​ကြား​က ​ပေ ၁၀၀ ​ကျော်​ရှည် ​ခို​လော ​ကွန်​က​ရစ်​တံ​တား​ပါ ​ပျက်​စီး​ပြီး ​လမ်း​ပန်း​ဆက်​သွယ်​ရေး ​ခက်​ခဲ​နေ​တယ်​လို့ ​ယန်း​ကိန်​ကျေး​ရွာ​အုပ်​စု ​အ​တွင်း​ရေး​မှူး ​ဦး​စိုင်း​မှူး​က ​ပြော​ပါ​တယ်။

လော​လော​ဆယ် ​သိ​ရှိ​ရ​တဲ့ ​စာ​ရင်း​တွေ​အ​ရ ​ယန်း​ဟောက်​နဲ့ ၀မ့်​ပန် ​ကျေး​ရွာ​အုပ်​စု​ထဲ​မှာ ​ဖ​ရဲ​စိုက်​ခင်း​ပေါင်း ​အ​နည်း​ဆုံး ၅ ​ဧ​က ​နဲ့ ​စ​ပါး​ခင်း​က ​ဧ​က ၅၀ ​လောက် ​ပျက်​စီး​ဆုံး​ရှုံး​မှု​တွေ​ရှိ​ပြီး ​ဒီ​နေ့ ​ထပ်​မံ​ကွင်း​ဆင်း ​ကောက်​ယူ​ပြီး​ရင် ​စာ​ရင်း​ဇ​ယား​တွေ​နဲ့​တ​ကွ  ​မြို့​နယ်​အုပ်​ချုပ်​ရေး​မှူး​ဆီ ​တင်​ပြ​မယ်​လို့ ​ဦး​စိုင်း​မှူး​က ​ပြော​ပါ​တယ်။

“​ရွာ​သား​တွေ​က​တော့ ​ပျက်​စီး​သွား​တဲ့ ​တံ​တား​နဲ့ ​ဆုံး​ရှုံး​သွား​တဲ့ ​ဟာ​တွေ​ကို ​ကူ​ညီ ​စေ​ချင်​တာ​ပေါ့​။ ​အဲ​ဒါ ​ဒီ​ည​နေ ​ပျက်​စီး​ဆုံး​ရှုံး​စာ​ရင်း ​ထပ်​ကောက်​ပြီး​ရင် ​မြို့​နယ်​အုပ်​ချုပ်​ရေး ​ကို ​တင်​ပြ​ပေး​မယ်။”

ဒါ့​အ​ပြင် ​ကျိုင်း​တုံ​မြို့​ပေါ်  ​ကတ်​နား​လုံ​ရပ်​ကွက်၊  ​မြို့​သစ် ​ကျိုင်း​လိတ်​ရပ်​ကွက်၊ ၃ ​နဲ့ ၄ ​ရပ်​ကွက်​တွေ​မှာ ​မြေ​နိမ့်​တဲ့​အ​တွက်  ​မ​နေ့​က ​ရေ​တွေ ၀င်​ခဲ့​ပေ​မယ့် ​ဒီ​နေ့​မှာ​တော့ ​ရေ​ပြန်​ကျ ​သွား​ပါ​တယ်။ ​အ​လား​တူ ​ကျိုင်း​တုံ ​ခွာ​ညို​ဈေး​မှာ​လည်း ​ဈေး​ဆိုင်​တ​ချို့ ​ရေ၀င်​နစ်​မြုပ်​မှု ​ဖြစ်​ပွား​ခဲ့​ပါ​တယ်။

ကျိုင်း​တုံ​မှာ ​ပြီး​ခဲ့​တဲ့ ​ဩ​ဂုတ်​နဲ့ ​စက်​တင်​ဘာ​လ​တွေ​အ​တွင်း​က​လည်း ​ရေ ၂ ​ကြိမ် ​ကြီး​ခဲ့​တာ​မှာ  ​ကတ်ဝုန့်​ကျေး​ရွာ​အုပ်​စု​ထဲ​က ​ရေ​တိုက်​စား​ထား​တဲ့ ​နုန်း​မြေ​တွေ ​တင်​ကျန်​နေ​လို့ ​ခု​ထိ ​နေ​အိမ်​တွေ ​ပြန်​မ​ဆောက်​နိုင်​သေး​ဘူး​လို့ ​မောက်​ကွန်​လူ​မှု​ကူ​ညီ​ရေး​အ​ဖွဲ့​ခေါင်း​ဆောင် ​နန်း​၀ိုး​ဖတ်​က ​ပြော​ပါ​တယ်။

ကျိုင်း​တုံ​မြို့​နယ်​ထဲ​မှာ ၁၉၈၉ ​ခု​နှစ် ​နောက်​ပိုင်း​က​စ​လို့​  ​နှစ်​စ​ဉ် ​ရေ​ကြီး​နေ​ပြီး​  ​အ​ဓိ​က​က​တော့ ​သစ်​တော​ပြုန်း​တီး​မှု​ကြောင့် ​ဖြစ်​ကြောင်း​၊ ​ရေ​တိုက်​စား​တဲ့​  ​နုန်း​မြေ​တွေ​ကြောင့် ​တိမ်​ကော​လာ​တဲ့ ​နမ့်​ခွန်၊ ​နမ့်​လပ်​နဲ့ ​နမ့်​ခတ် ​စ​တဲ့ ​အ​ဓိ​က​ချောင်း​တွေ​ကို ​ပြန်​ဖော်​ပေး​မယ်​လို့ ​လွန်​ခဲ့​တဲ့ ၄ ​လ​လောက်​က ​မြို့​နယ်​အာ​ဏာ​ပိုင်​တွေ​က ​ပြော​ခဲ့​ပေ​မယ့် ​ခု​ထိ ​အ​ကောင်​အ​ထည် ​ဖော်​တာ ​မ​တွေ့​ရ​ကြောင်း​၊ ​ကျိုင်း​တုံ​မြို့​နယ် ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဗ​ဟို​အ​လုပ် ​အ​မှု​ဆောင် ​ဦး​စိုင်း​၀င်း​မြ​င့်​က ​ပြော​ပါ​တယ်။

By ​နန်း​မြ​န​ဒီ (DVB Burmese)