အစိုးရသက်တမ်း ၃ နှစ်အတွင်း ပြည်သူတွေ ထူးထူးခြားခြား မပြောင်းဟု ဦးရွှေမန်း ပြော

ပို့စ်တင်ချိန် - 3/09/2014 12:41:00 PM


အစိုးရသစ်သက်တမ်း ၃ နှစ်ပြည့်ခါနီးအချိန်ထိ နိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု ပြည်သူတွေ အတွင်း ထူးထူးခြားခြား မပြောင်းဘူးလို့ ပြည်သူ့လွှတ်တော်နာယက သူရဦးရွှေမန်းက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

မတ်လ ၈ရက်က ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ ပဲခူးအနောက်ဘက်ပြည်သူတွေနဲ့ တွေ့ဆုံခိုက် သူက ခုလို ပြောလိုက်တာပါ။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုကိုတော့ ကျေနပ်အားရတယ်လို့ ပြောသွားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရဟာ လာမယ့် မတ်လ ၃၁ရက်မှာ အစိုးရ သက်တမ်း ၃ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

DVB