ပဲစိမ်းတင်ယာဉ် ဘရိတ်ပေါက် တိမ်းမှောက်ရာမှ လမ်းဘေး တက္ကစီတစ်စီး ပေါ်တွင် တိမ်းမှောက်ပြီး ဘတ်စကား စောင့်နေသည့် အမျိုးသမီးတစ်ဦး တက္ကစီယာဉ်နှင့် လမ်းဘေးပလက်ဖောင်းကြား ပိမိကာ ပွဲချင်းပြီးသေဆုံး

ပို့စ်တင်ချိန် - 3/09/2014 07:21:00 PM





ပဲစိမ်းတင်ယာဉ် ဘရိတ်ပေါက် တိမ်းမှောက်.
ရန်ကုန်မြို့ အောင်ဇေယျကြိုးတံတားအဆင်း လှိုင်သာယာ ၂ ထိပ်မှတ်တိုင်တွင် ပဲစိမ်းတင် ကုန်တင်ကားတစ်စီး ကားဘရိတ်ပေါက်ပြီး လမ်းဘေးတက္ကစီတစ်စီး ပေါ်တွင် တိမ်းမှောက်သွားသည်ကိုတွေ့ရစဉ်။

(ဓါတ်ပုံ - ဇော်ဇော်ထွေး)

အဆိုပါ ကုန်တင်ကားသည် လမ်းဘေးတက္ကစီပေါ်တိမ်းမှောက်ပြီး ၎င်းမှတ်တိုင်တွင် ဘတ်စကား စောင့်နေသည့် အမျိုးသမီးတစ်ဦး တက္ကစီယာဉ်နှင့် လမ်းဘေးပလက်ဖောင်းကြား ပိမိကာ ပွဲချင်းပြီးသေဆုံး ပြီး လမ်းပေါ်ရှိ လူလေးဦးပါ အပြင်းအထန်ဒါဏ်ရာရှိကာ လှိုင်သာယာဆေးရုံသို့ တင်ထားသည်ဟု သိရပါသည်။

Mizzima မဇ္ဈိမ