သန်းခေါင်စာရင်းကောက်ရင်မေးမဲ့ မေးခွန်းတွေ

ပို့စ်တင်ချိန် - 3/23/2014 04:50:00 PM



(၂၀၁၄ ခုနှစ် ၊သန်းခေါင်းစာရင်းကောက်ယူခြင်းမေးခွန်းများ အိမ်ထောင်စုဝင်အတွက်မေးခွန်း (၄၁)ချက် )
သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပက်သက်ပြီး မွန်လူငယ်များ
လုပ်အားပေးခြင်း၊ သို့ ၊ မွန်မိသားစုများသောရပ်ကွက်များတွင် တတ်အား
သရွှေ့ စာရင်းကောက်မူ စာရင်းသွင်းမှု မှန်ကန်စေရန် အတွက်လုပ်အား
ပေးကြဘို့နိုးဆော်ပါတယ်။
၁။လူဦးရေအမှတ်စဉ်
၂။အိမ်ရှိလူအများ၏အမည်စာရင်း
၃။အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ
၎။ကျား/မအရေအတွက်
၅။လက်ရှိပြည့်ပြီးအသက်
၆။အိမ်ထောင်ရေးအခြေအနေ
ရ။ကိုးကွယ်သည့်ဘာသာ
ဂ။လူမျိုး
မေးခွန်း နံပါတ်( ၈ ) မွန်လူမျိုး Code No. 601 အဖြစ်ဖြည့်သွင်းဖို့ ပြောဆိုပိုင်ခွင့်ရှိပါတယ်။ အရေးကြီးတာမို့လူတိုင်း
ဖြည့်ကြရမှာဖြစ်ပါတယ်။
၉။မိသားစုထဲမှ မသန်းစွမ်းမှုအခြေအနေ
၁၀။ကိုင်ဆောင်သည့်မှတ်ပုံတင်လက်မှတ်
၁၁။မွေးဖွားရာဇာတိ
၁၂။မွေးဖွားရာဇာတိ(မြို့။ကျေးလက်)မှာလား
၁၃။အမြဲတမ်းနေထိုင်သည့်နေမြဲအရပ်
၁၄။အမြဲတမ်းနေထိုင်သည့်အရပ် (မြို့။ကျေးလက်)
၁၅။နေမြဲအရပ်၌နေထိုင်သည်မှာဘယ်နှစ်နှစ်ရှိပြီလဲ
၁၆။နေမြဲရပ်သို့ဘာကြောင့်ပြောင်းရွှေ့ရပါသလဲ။
၁၇။နေမြဲအရပ်သို့ပြောင်းမလာခင်နောက်ဆုံးနေသည့်ဒေသ
၁ဂ။နောက်ဆုံးနေသည့်ဒေသ (မြို့။ကျေးလက်)လား
၁၉။စာတတ်/မတတ် ၂၀။ကျောင်းနေဖူးသလား/မနေဖူးလား
၂၁။အမြင့်ဆုံးတတ်ရောက်ပြီးစီးခဲ့သည့်အတန်း
၂၂။အလုပ်အကိုင်အမျိုးအစား
၂၃။လွန်ခဲ့သော(၁၂)လအတွင်း အဓိကလုပ်ကိုင်ခဲ့သောအလုပ်အကိုင်
၂၄။လွန်ခဲ့သော (၁၂) လအတွင်းလုပ်ကိုင်ခဲ့သည့်လုပ်ငန်းအဖွဲ့အစည်း အမည်၊ အစိုးရဌာနအမည်
၂၅။အရှင်မွေးဖွားခဲ့သော ကလေးအရေအတွက်
၂၆။မိဘနှင့်အတူနေကလေးအရေအတွက်
၂၇။မိဘနှင့်အတူမနေဘဲအခြားတွင်နေထိုင်သောကလေးအရေအတွက်
၂၈။မွေးဖွားပြီးမှ သေဆုံးသွားသောကလေးအရေအတွက်
၂၉။နောက်ဆုံးအရှင်မွေးကလေး၏မွေးသက္ကရာဇ်(လ၊ခုနှစ်)
၃၀။နောက်ဆုံးအရှင်မွေးကလေးသည် (ကျား၊မ)လား
၃၁။နောက်ဆုံးကလေးသည် အသက်ရှိ/ မရှိ
၃၂။အိမ်ထောင်စု၏နေအိမ်အမျိုးအစား
၃၃။အိမ်ပိုင်ဆိုင်မှုအမျိုးအစား
၃၄။သင့်အိမ်ထောင်စုတွင် အလင်းရောင်အတွက်အသုံးပြုသည့်မီးအမျိုးအစား
၃၅။သင့်အိမ်ထောင်စုအတွက်သောက်/သုံးရေ သုံးစွဲမှု
၃၆။ချက်ပြုတ်ရန်အတွက် အဓိကအသုံးပြုသည့်လောင်စာ
၃၇။အိမ်ထောင်စုတွင်အသုံးပြုသည့် (အိမ်သာ) အမျိုးအစား
၃၈။နေအိမ်အဆောက်အဦး တွင် အဓိကအသုံးပြုသည့်ပစ္စည်း
၃၉။ပိုင်ဆိုင်သည့်ပစ္စည်းအားအရေအတွက်ဖော်ပြရန်မလိုဘဲ ရှိ/မရှိသာဖော်ပြရန် (တီဗွီ၊ဆိုင်ကယ်၊ကွန်ပျူတာ၊ဖုန်း)
၄၀။အိမ်ထောင်စုထဲမှနိုင်ငံခြားသို့ ရောက်ရှိနေသူအရေအတွက်
၄၁။လွန်ခဲ့သော(၁၂)လအတွင်း မိသားစုထဲမှသေဆုံးသူအရေအတွက်
(မှတ်ချက် မေးခွန်းအမှတ်စဉ် (၁၉၊၂၀၊၂၁)ကို အသက်(၅)နှစ် နှင့်အထက်မေးရန် )
မေးခွန်းအမှတ်စဉ် (၂၂၊၂၃၊၂၄)ကို အသက်(၁၀) နှစ်နှင့်အထက်မေးရန် မေးခွန်းအမှတ်စဉ် (၂၅၊၂၆၊၂၇၊၂၈၊၂၉၊၃၀၊၃၁)ကို အိမ်ထောင်ကျဖူးသူအမျိုးသမီး အသက်(၁၅)နှစ်နှင့်အထက်မေးရန်။
စာရင်းကောက်ဆရာ၊ဆရာမများမှမေးမြန်းမည်ဖြစ်၍ကြိုတင်သိရှိရန်အတွက်အကြာင်းကြားထားပေးခြင်းဖြစ်သည်။
(ကောက်မည့်နေ့ ၂၀၁၄ခုနှစ် မတ်လ (၃၀) ရက်နေ့မှဧပြီလ(၁၀)ရက်နေ့အထိ)

Myawady News