ဆိုင်ကယ်တိမ်းမှောက်၍ ၂ ဦးသေ

ပို့စ်တင်ချိန် - 3/23/2014 01:11:00 PM


၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ ည ၆ နာရီခွဲအချိန် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၆/၆-၇)ကြား၌ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ပန်းတင်အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ နေပြည်တော်မှမန္တလေးသို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်ကျေးရွာနေ ၀င်းဇော်(၃၈)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ အောင်ဝင်း(၄၈)နှစ်လိုက်ပါလာသည့် Followme ဖြူနက်ကြားရောင် ဆိုင်ကယ်သည် လမ်း၏အနောက်ဘက်ခြမ်း ၀ဲဘက်ယာဉ်ကြောမှမောင်းနှင်လာစဉ် လမ်းလယ်ကျွန်းရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ၀င်းဇော်တွင် ဦးခေါင်းယာဘက်ပေါက်ပြဲ၊ နှာခေါင်း/ ပါးစပ်သွေးထွက်ဒဏ်ရာနှင့်အောင်ဝင်းတွင်ယာနားထင်ချိုင့်ဝင်၊ နှာခေါင်း/ပါးစပ်သွေးထွက်၊ ယာလက်ဖျံပေါက်ပြဲပွန်းပဲ့ ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင် (၂)ဦးလုံးသေဆုံးသွားခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၀င်းဇော်အား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်