ရဲတပ်ဖွဲ့၏ နာမည်ပျက်ကို အဖတ်ဆယ်ရန်ကြိုးစားခြင်း

ပို့စ်တင်ချိန် - 3/23/2014 04:50:00 PM



ဖေဖော်ဝါရီ၂၀ရက်တွင် ရန်ကုန်မြို့ အမှတ်(၈)ရဲတပ်ရင်း၌ လူစုလူဝေးထိန်းသိမ်းနည်း လေ့ကျင့်သင်ကြားနေစဉ်။ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မကြာသေးမီရက်အတွင်း က ရန်ကုန်မြို့ဆင်ခြေဖုံးတွင် လာရောက်တပ်စွဲထားသည့် ရဲတပ်ဖွဲ့တစ်စုဆီသို့    ဒေါသထွက်ကာ စိတ်ဆိုးမာန် ဆိုးဖြစ်နေသော ယောက်ျားလေး လူငယ်အုပ်စုကြီးက ချဉ်းကပ်သွားကြသည်။ ရဲအရာရှိကတော့ လူများကို စိတ်ထိန်းထားရန် တောင်းပန်သည်။  လူအုပ်ကြီးက ရဲတွေကို ရေဘူးများဖြင့် ပစ်ပေါက်နေသည့်ကြားမှ ရဲမှူးသိန်းတိုးဇော်က အသံချဲ့စက်သုံးပြီး ညှိနှိုင်းဖြေရှင်းဖို့ ကြိုးစားနေသည်။ သူ့လူများက အေးဆေးစွာ လူစုကွဲသွားသည်အထိ လူအုပ်ကြီးကို နောက်ဆုတ်ခိုင်းစေပါသည်။ နံပါတ်တုတ်များ ဆွဲမထုတ်သလို ရိုက်ခြင်း၊ နှက်ခြင်းလည်း မရှိ။

ထိုမြင်ကွင်းက တကယ့်ဖြစ် ရပ်တော့မဟုတ်ပါ။ အီးယူခေါ် ဥရောပသမဂ္ဂ၏    ငွေကြေး ထောက်ပံ့မှုဖြင့် မြန်မာရဲအရာရှိ ကြီးများနှင့် ဥရောပက သင်တန်း ဆရာတွေ၏ စောင့်ကြပ်မှုအောက် က မြန်မာရဲတပ်ရင်း အမှတ် (၈) ၏သင်တန်းလေ့ကျင့်မှုတစ်ခု သာဖြစ်ပါသည်။ ထိုသင်တန်းမှာ မြန်မာစစ်အစိုးရအုပ်ချုပ်စဉ်က ပုန်ကန်ထကြွမှုများကို နှိမ် နင်းရန် အသုံးချခဲ့သည့် ရဲတပ်ဖွဲ့ကို ပြင် ဆင်ရန်ကြိုးစားသည့် အားထုတ် မှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။

မြန်မာစစ်အစိုးရက အရပ် သားဦးဆောင်သည့် အစိုးရသို့ ပြောင်းလဲသည့် ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရ၏ နေ့ရက်တွေ  အဆုံးသတ်ခဲ့သည်။ သို့ရာတွင် တိုင်းပြည်က ဒီမိုကရေစီလမ်းကြောင်း သို့ ကူးပြောင်းနေသည့် အချိန်တွင် ရဲတပ်ဖွဲ့အတွက် အပြောင်းအလဲများက  ကိုးရိုးကားရားနိုင်လှ သည်။ စစ်တပ် နောက်ဆုတ်သွား ချိန်တွင် လူတွေက လွတ်လပ်ခွင့်ကို ပိုသဘောကျလာပြီး ဆန္ဒပြဖို့ ဘာသာရေးအဓိကရုဏ်းတွေ ပိုလုပ်လာကြသည်။ အပြောင်းအလဲက   ရဲတပ်ဖွဲ့ကို  လက်နက်နှင့် ငွေကြေး မပြည့်မစုံဖြစ်လာစေပြီး အဓိကရုဏ်းများတွင် ဘာလုပ်ရမှန်းမသိဖြစ်လာသည်။   တစ်ခါတစ်ရံ အင်အားအလုံးအရင်း သုံးသလို တစ်ခါတစ်ရံတော့ လူနှင့်အင်အား မမျှမတဖြစ်နေ၏။

ရဲမှူးချုပ် သူရဘိုနီက အီးယူကပေးသည့် သင်တန်းသည် သူ့အ ရာရှိများကို   ထိုပြဿနာများမှ ရှောင်လွှဲနိုင်အောင် ကူညီပေး သည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ ဒီလုပ်ဆောင် မှုကို သင့်လျော်သလို အသုံးချရင် အဲဒီလိုပြဿနာမျိုး တွေ့လာရ တော့မှာ မဟုတ်ဘူး။ တကယ့်ကို နည်းစနစ်ကျ ခေတ်မီတဲ့ ရဲတပ်ဖွဲ့ ကသာ လူ့အခွင့်အရေးကို ကာ ကွယ်နိုင်တာပါ’’

အဆိုပါ စကားတွေက အ နောက်တိုင်း အစိုးရတွေအကြား ချင်ဆုံးစကားများဖြစ်ပါသည်။ ထို့ ကြောင့် ၎င်းတို့က မြန်မာရဲတပ်ဖွဲ့ နှင့်ပူးပေါင်းပြီး မြန်မာရဲတွေကို ကာကွယ်ရေးနှင့် အမှုထမ်းဆောင် ရေးမှာ ပိုပြီးကျွမ်းကျင်လာအောင် တွန်းအားပေးဖို့ စိတ်ထက်သန်နေ ကြခြင်းဖြစ်သည်။

သို့ရာတွင် အမှန်တကယ်အ ကောင်အထည်ဖော်ရာတွင်တော့ ထင်သလောက် မလွယ်ကူဟု မြန် မာနှင့် နိုင်ငံခြားသား ကျွမ်းကျင်သူ များက ဆိုပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရက်စက်ကြမ်းတမ်း မှု၊ အကျင့်ပျက်လာဘ်စားမှုတို့နှင့် နာမည်ကျော်စောနေပြီး အချက် အလက်သက်သေစုဆောင်းခြင်း စသော ခေတ်မီရဲတပ်ဖွဲ့များ၏ အ ခြေခံလုပ်ငန်းဆောင်တာများကို အနည်းအပါးလောက်သာ လေ့ ကျင့်သင်ကြားခဲ့ရသည်။

‘‘ကျွန်တော်တို့အနေနဲ့ အမှန် ကို သိဖို့လိုတယ်။ ရဲတပ်ဖွဲ့ကို သိ သိသာသာကြီး ပြောင်းလဲသွားဖို့ ၁၀ နှစ်ကနေ ၁၅ နှစ်လောက်လို တယ်။ ရည်ရွယ်ချက်ကတော့ ရဲ တပ်ဖွဲ့ကို နိုင်ငံတကာ ရဲအဖွဲ့ရဲ့ စည်းကမ်းတွေအတိုင်း တိုးတက် ဖို့ပဲ။ အခုအချိန်မှာတော့ အဲဒီက နေ ဝေးပါသေးတယ်’’ ဟု မြန်မာ ရဲတပ်ဖွဲ့နှင့်လက်တွဲကာ ရေရှည်ပြောင်းလဲပြုပြင်ရေးအတွက် ဆောင်ရွက်နေသော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုရုံး အကြီးအကဲ ဂျေဆင်အလိုက်က ပြောကြားသည်။

အနောက်တိုင်းနိုင်ငံများ၏ အားထုတ်မှုက မြန်မာနှင့် အိမ်နီး ချင်း တရုတ်နိုင်ငံအနေဖြင့် ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်နေရပါသည်။ အ နောက်နိုင်ငံများနှင့် ကွဲပြားသော ပုံစံဖြင့် မြန်မာရဲတပ်ဖွဲ့နှင့် တရား ဥပဒေစိုးမိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံက ပြီးခဲ့သည့်နှစ်က  လက်မှတ်ရေးထိုး ထားပါသည်။

ဘိန်းဖြူနှင့် စိတ်ကြွဆေးကုန်သွယ်မှုတိုက်ဖျက်ရေး   မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့်အတူ   ဆောင် ရွက်နေသည့် အမေရိကန်အစိုး ရကတော့ အီးယူဥရောပနိုင်ငံ များထက်ပိုပြီး စိတ်အားထက် သန်စွာ ဆောင်ရွက်နေပါသည်။ ပြစ်တင်ဝေဖန်သံတွေ ညံနေသော် လည်း မြန်မာအစိုးရနှင့် လုံခြုံရေး တပ်များ ပိုမိုပူးပေါင်းဆောင်ရွက် ဖို့ ပြင်ဆင်နေပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန် ကြီးဌာန လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး ၀ီလျံဘရောင်းဖီးလ် က မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် စက် တင်ဘာလက သွားရောက်ခဲ့ပြီး မြန်မာအစိုးရနှင့် နောက်ထပ်ရှေ့ ဆက် ဆောင်ရွက်ရန်ဆွေးနွေး ခဲ့သည်။ မေးမြန်းတွေ့ဆုံခန်း တစ်ခုမှာ ၎င်းက မြန်မာအစိုးရနှင့် ပတ်သက်ပြီး သူ၏ ဆောင်ရွက် မှုကို ယခုလို ပုံဖော်ပြခဲ့သည်။

‘‘၀ပ်။ လျှောက်။ ပြေးပေါ့ ဗျာ’’

     အမေရိကန်အနေဖြင့် နောက် ဆုံး၌    မြန်မာနိုင်ငံအစိုးရအား ရဲများခန့်အပ်ခြင်းနှင့် ရဲတပ်ဖွဲ့ကို လူမှုအဖွဲ့အစည်းရဲတပ်ဖွဲ့အဖြစ် မည်ကဲ့သို့ ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ သင်ကြားကူညီ ပေးသွားနိုင်မည်ဟု ဘရောင်ဖီးလ် က မျှော်မှန်းထားပါသည်။

‘‘တချို့ မြန်မာရဲတွေက ထိုင်းနိုင်ငံက နိုင်ငံတကာရဲတပ်ဖွဲ့ သင်တန်းကျောင်းမှာ မူးယစ်ဆေး ၀ါးနှိမ်နင်းရေးအတွက် အမေရိ ကန်ကပေးတဲ့ သင်တန်းတွေ တက်နေကြတယ်။ အဲဒီသင်တန်း တက်ရောက်သူတွေထဲမှာ လူ့အ ခွင့်အရေးချိုးဖောက်ထားသူတွေ မပါဝင်ဘူးဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အ စစ်ခံရတယ်’’

အဆိုပါရဲအကယ်ဒမီသင် တန်းကျောင်း  တာဝန်ရှိသူတစ် ဦးက ပြောကြားရာတွင် ရာဇ၀တ် မှုထောက်လှမ်းခြင်းကဲ့သို့ နောက် ထပ်သင်တန်းများ ဖွင့်လှစ်နိုင် ရေးအတွက် ၎င်းတို့က မြန်မာစ ကားပြန်ကို လိုက်ရှာနေသည်ဟု ဆိုသည်။

‘‘တံခါးဖွင့်မှုတွေ မလုပ်တုန်း က သူတို့တွေ ဒါတွေကို အောင် မြင်အောင် လုပ်နိုင်ပါ့မလားဆို တာကို စိုးရမ်တာတွေ ရှိခဲ့တယ်။ အခုတော့ သူတို့တွေက ရေမြှုပ် တွေလိုပဲ ရလေပိုပိုပြီး ထပ်ထပ် သိချင်လာလေပဲ’’ ဟု အစိုးရ အ ရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိရဲတပ်ဖွဲ့ကို လာမည့် နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှု များ လုပ်သွားမည့်အရေးက အ လျင်စလိုမှုတွေ ရှိနေသည်။

၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် မုံရွာလက်ပံတောင်းတောင် ကြေး နီစီမံကိန်း၌ သံဃာတော်များနှင့် အရပ်သားများ ဆန္ဒပြခဲ့ပြီး အ ကြမ်းဖက်စွာ ဖြိုခွဲခဲ့ပြီးနောက်ပိုင်း တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ၀န် ချတောင်းပန်ရန် ဖိအားပေးခံရ သည်။

နိုင်ငံတကာအဖွဲ့အစည်းအ ချို့က မြန်မာရဲတပ်ဖွဲ့သည် မကြာ သေးမီက  ဖြစ်ပွားခဲ့သော မွတ်စ လင်ဆန့်ကျင်ရေး အကြမ်းဖက်မှု များတွင် ပြဿနာတစ်ခုအဖြစ် ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့တွင် လူအုပ်ကြီးက မွတ်စလင်အများ စုကို သတ်ဖြတ်နေသည့် အချိန် တွင် ရဲများက ဘာမျှမလုပ်ဘဲ ရပ် ကြည့်နေခဲ့သည်။ မြန်မာနိုင်ငံက အခြားဆန္ဒပြပွဲများမှာ ရဲများ၏ တုံ့ပြန်မှုနှင့် ယခုတုံ့ပြန်မှုက ကွဲ ပြားခြားနားလှသည်ဟု စောင့် ကြည့်သူများက ဆိုပါသည်။ သမ္မ တဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်တို့က မြန်မာရဲများကို လူ အုပ်စု ထိန်းချုပ်ရန်သင့်လျော် သော ထိန်းချုပ်မှုလုပ်ရေး သင် တန်းများပေးရန် တောင်းဆိုခဲ့ရာ မှ အီးယူသင်တန်းအစီအစဉ် ဖြစ် လာခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ ထိပ် တန်းအကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က ဗြိတိ သျှကို လိုနီခေတ်ကတည်းကရှိခဲ့ သည့် ရဲများ၏ အခန်းကဏ္ဍကို ယခုဒီမိုကရေစီနိုင်ငံဖြစ်ချိန်မှာ ပြောင်းလဲဖို့  လိုအပ်နေပြီဟုဆို သည်။

‘‘ရဲတွေရဲ့ ပုံစံက ခြားနား သွားပြီလေ’’

သို့ရာတွင် လူအုပ်စုနှင့် မငြိမ်သက်မှုများကို ရဲများကိုင် တွယ်ခြင်းက ပြဿနာပိုကြီးစေ သည်ဟု အချို့ပညာရှင်များက ဆိုသည်။ မြန်မာနိုင်ငံတွင် ရဲများ၏ လစာက နိမ့်ပါး၏။ ထို့ကြောင့် ရဲအရာရှိများကို အလုပ်လုပ်နိုင် စေရန် အဆင့်အလိုက် အကျင့် ပျက်ခြစားမှုများ လုပ်ကိုင်ခွင့်ပေး ထားရသည်။

အများစုကတော့ ရဲများကို ရေပိုက်တွေ၊ ဒိုင်းအကာတွေလို လက်နက်ဖြည့်တပ်ဆင်ပံ့ပိုးမှုနှင့် ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိလာသည်။ ထိုကဲ့သို့ ပေးအပ် ခြင်းက ဆန္ဒပြလူအုပ်တွေကို ဖြို ခွင်းနှိမ်နင်းမှုတွေ လုပ်ရာမှာ ပို အားကောင်းလာစေသည်ဟု ဆို သည်။

နှစ်ဖက်စလုံးမှ ပြောကြား ရာတွင် မကြာသေးမီက ပြုလုပ်ခဲ့ သော ရဲသင်တန်းများက အနာ ဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲ ပစ်ရန်ကတော့    အချိန်ယူရပါ မည်ဟု ဆိုသည်။

ရဲအရာရှိများကို လေ့ကျင့် ပေးနိုင်သလို ပြောင်းလဲမှုများအ တွက် ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ သေချာရန်ကတော့ အရေးကြီးလှ ပါသည်ဟု သင်တန်းဆရာများက ဆိုပါသည်။

‘‘စိတ်အတွေးအခေါ်တွေ ပြောင်းလဲဖို့ဆိုတာကတော့ တ ကယ့် စိန်ခေါ်မှုပဲ’’ ဟု ရဲအရာရှိ ပက်ထရစ်ဂစ်စတဲနစ်က ပြော ကြားသည်။ သူက သတင်းစာ ဆရာများအား သင်တန်းလေ့ကျင့် ရာ နေရာများကို ဦးဆောင်ပြသ ခဲ့သည်။ ရဲများက သတင်းမီဒီယာ များအတွက် သူတို့၏ တံခါးများ ကို ဖွင့်ပေးခဲ့သည်မှာ ပြောစမှတ် ဖြစ်စရာတစ်ခုဖြစ်ခဲ့၏။

သို့ရာတွင် မြန်မာနိုင်ငံသား များ ရဲများအပေါ် အမြင်ပြောင်း လဲစေဖို့ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းများ လုပ်ဆောင်ခြင်းက အ ခက်အခဲတစ်ခုဖြစ်ပါလိမ့်မည်။ မြန်မာပြည်သူအများစု၏ ရဲတွေ အပေါ် အမြင်က အတော်များ များ မပြောင်းလဲသေးပါ။

တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်က ရဲတပ်ဖွဲ့အပေါ် သြဇာလွှမ်းမိုးထားဆဲဖြစ်၏။ ယခု အချိန်ထိ ထိပ်တန်းရဲအရာရှိကြီး အများစုက မြန်မာစစ်တပ်မှ အ ရာရှိဟောင်းကြီးများဖြစ်သည်။

စစ်အုပ်ချုပ်ရေး အဆုံးသတ် မှုနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သည် ယခင်ကထက် အနည်းငယ် တော့ ပိုကောင်းမွန်လာသည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးက ပြောကြား သည်။ သူက ရဲတပ်ဖွဲ့မှနေ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များအ ထိ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံ ရေးကဏ္ဍများတွင် စစ်တပ်က နက်နက်ရှိုင်းရှိုင်း  ပါဝင်ပတ်သက်နေ တုန်းပဲဟုဆိုသည်။

‘‘အဲဒီလူဟောင်းတွေက တ ကယ့်ကို ပြောင်းလဲဖို့ သိပ်ခက်တဲ့ လူတွေ’’

(၀ါရှင်တန်ပို့စ်သတင်းစာပါ ဆောင်းပါးရှင် Joseph J.Schatz ၏ Burma tries to overhaul its iron-fisted police ဆောင်းပါးကို ထားထားမြင့်     ဘာသာပြန်ဆို သည်)င်း ဆောင် ဦးကိုကိုကြီးက ပြောကြား သည်။ သူက ရဲတပ်ဖွဲ့မှနေ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များအ ထိ မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံ ရေးကဏ္ဍများတွင် စစ်တပ်က နက်နက်ရှိုင်းရှိုင်း  ပါဝင်ပတ်သက်နေ တုန်းပဲဟုဆိုသည်။
‘‘အဲဒီလူဟောင်းတွေက တ ကယ့်ကို ပြောင်းလဲဖို့ သိပ်ခက်တဲ့ လူတွေ’’
(၀ါရှင်တန်ပို့စ်သတင်းစာပါ ဆောင်းပါးရှင် Joseph J.Schatz ၏ Burma tries to overhaul its iron-fisted police ဆောင်းပါးကို ထားထားမြင့်     ဘာသာပြန်ဆို သည်)

7day daily