လိုင်းကားပေါ်၌ စကားများစဉ် ဓါးဖြင့်ထိုးခဲ့သူအား အရေးယူပေးရန်တိုင်တန်း

ပို့စ်တင်ချိန် - 3/23/2014 10:58:00 PM


ရန်ကုန်၊ မတ် ၂၃

၂၂.၃.၂၀၁၄ရက်နေ့ ၁၁၄၅အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဦးအောင်နိုင်ဦးသည် သင်္ဃန်းကျွန်းစံပြဈေး၌ ရောက်ရှိနေစဉ် အတူနေ
ညီဖြစ်သူ သန်းအောင်သည် ဓါးထိုးခံရ၍ ရန်ကုန်ဆေးရုံကြီးသို့
ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ သန်းအောင်သည် ၀ဲဘက်နောက်ကျောအလယ်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိကာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရ
သည်ကို တွေ့ရှိခဲ့ရပါသည်။
ဖြစ်စဉ်အားမေးမြန်းရာ ညီဖြစ်သူသန်းအောင်သည် ကြက်ဘဲဈေး
မှတ်တိုင်မှ ပန်းဘဲတန်းမြို့နယ်သို့ (၁၀၅)ယာဉ်လိုင်းဖြင့်သွားရောက်စဉ် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မဒါနလမ်းထောင့်အရောက် အသက်ရှုကြပ်သဖြင့်ကားပြူတင်းပေါက်မှန်အားဖွင့်ရာမှခုံချင်းကပ်လျက်
စီးနင်းလိုက်ပါလာသူ အမည်မသိအမျိုးသားတစ်ဦးနှင့်စကားများကာ အဆိုပါအမျိုးသားမှ အသွား(၄)လက်မခန့်ရှိ ခေါက်ဓါးဖြင့်ထိုးခဲ့၍ ဒဏ်ရာ
ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ယင်းသို့ သန်းအောင်အား ဓါးဖြင့်ထိုးခဲ့သူ အမည်မသိအမျိုးသားကို အရေးယူပေးရန် ဦးအောင်နိုင်ဦးမှတိုင်တန်းသဖြင့် တာမွေမြို့မရဲစခန်း
(ပ)၁၅၀/၂၀၁၄၊ ပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ပြီး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police