ကရင်ပြည်နယ်တွင် ကျည်ဆံဟောင်းတလုံးပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံး

ပို့စ်တင်ချိန် - 3/28/2014 05:51:00 PM


ကရင်ပြည်နယ် ဘားအံမြို့နယ် အိမ်တဲကျေးရွာမှာ မတ်လ ၂၂ ရက်နေ့က မပေါက်ကွဲသေးတဲ့ ၄၀ မမ ကျည်ဆံဟောင်းတလုံးကို ကလေးငယ်တွေက ကစားရင်း ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေပြီး ၂ ဦး အပြင်းအထန် ဒဏ်ရရှိခဲ့ပါတယ်။

အိမ်အနီးက လယ်ကွင်းတခုမှာ နွားကြောင်းတဲ့ အသက် ၁၀ နှစ်အရွယ် မောင်လှကျော်ဟာ မပေါက်ကွဲသေးတဲ့ ၄၀ မမ တလုံးကို တွေ့ရှိပြီး အိမ်ကို ယူလာခဲ့ပြီး အိမ်အောက်မှာ ထုကစားရင်းနဲ့ အဲဒီလက်နက်ကြီး ကျည်ပေါက်ကွဲတဲ့အတွက် မောင်လှကျော်ဟာ ပွဲချင်းပြီး သေဆုံးပြီး သူညီမတွေဖြစ်တဲ့ အသက် ၈ နှစ်အရွယ် မကျူကီးနဲ့ အသက် ၅ နှစ်အရွယ် မစုဒါးက ဦးခေါင်းနဲ့ ကိုယ်လက်တွေမှာ ပေါက်ပြဲဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဘားအံမြို့ခံ ဦးပွင့်ဆန်းက ပြောပါတယ်။

ဒဏ်ရာရရတဲ့ ကလေးငယ်တွေကို လက်ရှိ ဘားအံပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ပြောပါတယ်။

DVB Burmese