ကလေးကြီးလာမှ ခင်ပွန်းရှိရာသို့ လိုက်သွားမည့် ၀ိုင်းစုခိုင်သိန်း

ပို့စ်တင်ချိန် - 3/28/2014 04:51:00 PM


ပန်းမြတ်ဇော်

ရန်ကုန်၊ မတ် ၂၇

အဆိုတော်၊ သရုပ်ဆောင် ၀ိုင်းစုခိုင်သိန်းသည် မင်္ဂလာဆောင်ပြီးသော်လည်း ခင်ပွန်းဖြစ်သူ ဥက္ကာမြင့်ကြူ ရှိရာ အမေရိကန်နိုင်ငံသို့ လိုက်မသွားဘဲ မြန်မာနိုင်ငံတွင် အနုပညာအလုပ်များကို ဆက်လုပ် သွားမည်ဖြစ် ပြီး ရင်သွေးယူဖြစ်ပါက ကလေးကြီးပြင်းလာပြီး မြန်မာစကားနှင့် မြန်မာစာ တတ်ပြီးမှသာ လိုက်ပါသွားမည် ဖြစ်သည်။

“ရင်သွေး မယူဖြစ်သေးပါဘူး။ အနုပညာအလုပ်တွေ လုပ်ချင်ပါသေးတယ်။ မင်္ဂလာဆောင် ပြီးကတည်းက သွားနေလို့ရတယ်။ အနုပညာအလုပ်တွေကို လုပ်ချင်သေးတဲ့ စိတ်ဆန္ဒရှိတာကြောင့်ပါ”ဟု ၀ိုင်းစုခိုင်သိန်း က ပြောသည်။

မတ်လ ၂၇ ရက်၌ ငပလီနှင့် မန္တလေးတို့တွင် သီချင်းသီဆိုမည်ဖြစ်ပြီး မင်္ဂလာ မဆောင်ခင်က ရွှေ့ဆိုင်းထား သည့်ဇာတ်ကားများကို သင်္ကြန်အပြီးတွင် ဆက်လက် ရိုက်ကူးသွားမည် ဖြစ်သည်။

Mizzima Burmese