ရုရှားဆိုယုဇ်အာကာသယာဉ်ကြောင့် ပြင်သစ်လေယာဉ် ဂျာမနီနိုင်ငံသို့ လမ်းကြောင်းပြောင်း.

ပို့စ်တင်ချိန် - 3/28/2014 11:14:00 PM


ရုရှားဆိုယုဇ်အာကာသယာဉ်ကြောင့် ပြင်သစ်လေယာဉ် ဂျာမနီနိုင်ငံသို့ လမ်းကြောင်းပြောင်းဆင်းသက်ခဲ့ရ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ပျံ သန်းလာသော Air France လေကြောင်းလိုင်းပိုင် A380 လေယာဉ်သည် ရုရှားဆိုယုဇ် အာကာသယာဉ်ကြောင့် လမ်း ကြောင်းပြောင်း၍ ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်လေဆိပ်သို့ ဆင်းသက်ခဲ့ရသည်ဟု Air France လေကြောင်းလိုင်းက ပြောကြား သည်။

မတ်လ ၂၆ ရက်တွင် ရုရှား ဆိုယုဇ်အာကာသမစ်ရှင် စတင် ပစ်လွှတ်ခြင်းအတွက် ကာဇက် စတန်နှင့် ကာဂျစ္စတန် နှစ်နိုင်ငံလေပိုင်နက်များကို အနည်းဆုံး မိနစ် ၃၀ ကြာ ပိတ်ထားခဲ့သောကြောင့် A380 လေယာဉ်သည် လမ်းကြောင်းပြောင်းခဲ့ရသည်ဟု Air France ပြောရေးဆိုခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

A380 လေယာဉ်ခရီးစဉ် သည် မျှော်မှန်းသည်ထက် ပို၍ ကြာရှည်ခဲ့သောကြောင့် ယင်း လေယာဉ်မှူးသည် ပါရီမြို့သို့ ကောင်းစွာဆင်းသက်နိုင်စေရန် ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့လေဆိပ်၌ လောင်စာဆီဖြည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Air France လေကြောင်း လိုင်း လေယာဉ်သည် ဂင်းနစ် စံတော်ချိန် ၅ နာရီတွင် ဟမ်းဘာ့ဂ်လေဆိပ်သို့ ဆင်းသက်ခဲ့ပြီး လောင်စာဆီဖြည့်ပြီးနောက် မိနစ် ၉၀ ခန့်အကြာတွင် ပြန်လည်ထွက်ခွာသွားသည်ဟု ဟမ်းဘာ့ဂ်လေ ဆိပ်က အတည်ပြုပြောကြား သည်။

ရုရှားအာကာသယာဉ်မှူး နှစ်ဦးနှင့် အမေရိကန်တစ်ဦးကို သယ်ဆောင်သွားသော ဆိုယုဇ် အာကာသယာဉ်အား မတ်လ ၂၆ ရက် အစောပိုင်းတွင် ကာဇက် စတန်နိုင်ငံရှိ ဒုံးကျည်ပစ်စင်မှ လွှတ်တင်ခဲ့သည်။

—Ref: Reuters


Myanma Spectrum