အရေးပေါ် သားဆက်ခြားနည်း အပိုင်း (၁)

ပို့စ်တင်ချိန် - 3/28/2014 11:08:00 AM


နားဆင်ရန်

မလိုချင်၊ မမျှော်လင့်ဘဲရလာနိုင်တဲ့ ပဋိသန္ဓေကိုယ်ဝန်ကို ဖျက်ချရတဲ့အန္တရာယ် မကြုံရအောင် အရေးပေါ်သားဆက်ခြားနည်းနဲ့ နောက်ဆုံးကာကွယ်နိုင်တယ်လို့ အမျိုးသမီးကျန်းမာရေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။

အရေးပေါ်သားဆက်ခြားဖို့ အမျိုးသမီးမှာ ရှိထားပြီးသား ဟော်မုန်းတစ်မျိုး (သို့) နှစ်မျိုးနဲ့ ဖော်စပ်ထားတဲ့ သီးသန့်အရေးပေါ်ဆေးတွေကို ဆရာဝန်ညွန်ကြားချက်မလိုဘဲ အန္တရာယ်ကင်းစွာ ဝယ်ယူသုံးစွဲနိုင်ပါတယ်။

ဒီအကြောင်းအသေးစိတ် သိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

VOA Burmese News