Windows 8 လျို့ဝှက်ချက်များ ရောင်းချသည့် Microsoft ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 3/28/2014 10:46:00 AM


Microsoft ကုမ္ပဏီ၏ဝန်ထမ်းဟောင်းသည် Windows 8 အပါအဝင် Microsoft အရောင်းအဝယ် လျို့ဝှက်ချက်များကို လက်ပြောင်းလက်လွှဲ လုပ်ခဲ့သောကြောင့် တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။

Microsoft တွင်အကြီးတန်း architech ဟောင်းဖြစ်သူ Alex Kibkalo သည် 5 nine ဆော့ဖ်ဝဲကုမ္ပဏီတွင် ထုတ်ကုန်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေပြီး Microsoft တွင်လုပ်ကိုင်စဉ် Windows နှင့်ဆက်နွှယ်သည့် အရောင်းအဝယ် လျှို့ဝှက်ချက်များခိုးယူမှုကြောင့် ဖမ်းဆီးခံထားရသည်။ ဝါရှင်တန်အနောက်ဘက်ရှိ အမေရိကန်နယ်မြေ တရားရုံးတွင် မတ်လ ၁၇ ရက်နေ့ကတင်ပြခဲ့သော တိုင်ကြားချက်အရ ရုရှားနိုင်ငံသားနှင့် Microsoft ဝန်ထမ်းဟောင်း Kibkalo သည်လက်ဘနွန်တွင်နေထိုင်ပြီး ပြင်သစ်နိုင်ငံရှိ အမည်မဖော်ပြသည့် နည်းပညာဘလော့ဂါထံသို့ Windows 8 အပါအဝင် အရောင်းအဝယ် လျှို့ဝှက်ချက်များကိုပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Microsoft ၏ကိုယ်ပိုင်စုံစမ်း စစ်ဆေးမှုအရ Kibkalo သည် ARM ထုတ်ကုန်များနှင့် Windows 8 RT အတွက်ကြိုတင် ထွက်ရှိထားသော ဆော့ဖ်ဝဲ update များအပါအဝင် ကုမ္ပဏီမှရောင်းချသော ဆော့ဖ်ဝဲများကို upload ပြုလုပ်ခဲ့သည်။ ထို့အပြင် Microsoft Activation Server Software Development Kit (SDK) ကိုဝါရှင်တန်မြို့ Redmond ရှိကွန်ပျူတာနှင့် ၎င်း၏ကိုယ်ပိုင် Windows Live Sky Drive account တွင်တွေ့ရှိကြောင်း သိရသည်။



-စိုးထက်
Ref: CNET
Internet Journal