ကြောင်ကနေ လူကို (တီဘီ) ရောဂါကူးစက်

ပို့စ်တင်ချိန် - 3/28/2014 01:29:00 PM


• အင်္ဂလန်မှာ လူ ၂ ယောက်ကို အိမ်မွေးကြောင်ကနေ တီဘီရောဂါကူးစက်တယ်လို့ ကနေ့ထွက်တဲ့သတင်းမှာ ပါတယ်။
• ဒီလို ကြောင်ကနေ လူကို တီဘီကူးစက်တာက ပဌမဆုံးအကြိမ်ဖြစ်တယ်။ ကြောင်ဆီကနေ နမူနာတွေနဲ့ လူဆီကနမူနာတွေကို ရယူပြီး ယှဉ်ကြည့်တဲ့အခါ ခွဲမရအောင်တူတာမို့ အဲလို ကြောင်းကနေ လူကိုကူးတာလို့ ကောက်ချက်ချတာဖြစ်ပါတယ်။
• ၂ဝ၁၂ ဒီဇင်္ဘလနဲ့ ၂ဝ၁၃ နှစ်အတွင်း၊ အင်္ဂလန်နိုင်ငံ (ဘဂ်ရှိုင်းယား) နဲ့ (ဟင့်မ်ရှိုင်းယား) မှာ အိမ်မွေးကြောင် ၉ ကောင်မှာ (တီဘီ) ပရှိတာတွေ့ခဲ့ရတယ်။
• တီဘီရောဂါဟာ ကမ္ဘာလုံးမှာ တနှစ် လူ ၁ သန်း သေဆုံးနေရပါတယ်။

ဒေါက်တာ တင့်ဆွေ