လာပြန်ပြီ ပြိုင်ကားတွေ

ပို့စ်တင်ချိန် - 3/04/2014 07:16:00 PM


" မြင်သမျှ ကြားသမျှ "
ပြိုင်ကားတွေ အကြောင်း ပြောရရင်မကုန်နိုင်တဲ့ ဇာတ်ကြောင်းတွေ ရှိပါတယ်။ ပြိုင်ကား အချင်းချင်း ညကြီး သန်းခေါင် အများ နဲ့ဆိုင်တဲ့၊ ပိုင်တဲ့လမ်း ပေါ်မှာ အပြိုင် ကျဲနေကြတာတွေ၊ ပြိုင် ကားတွေနဲ့ အုပ်စုဖွဲ့ပြီး ရမ်းကားကြတာ တွေ၊ ပြိုင်ကားတွေ နဲ့ အုပ်စုဖွဲ့အနိုင်ကျင့် ရိုက်နှက်ကြတာတွေ။

နံပါတ်(၁) အချက် စဉ်းစားရမှာက ဘယ်လို လူမျိုးတွေက ပြိုင်ကားတွေကို စီးကြတာလဲ။ ပြိုင်ကား ဆိုတာ တော်ရုံ ချမ်းသာရုံနဲ့ မစီးနိုင်ပါဘူး။ ကားတစ်စီး ရဲ့ ဈေးနှုန်း က သာမန်ထက် ပိုများတဲ့အပြင် သူ့အင်ဂျင်ပါဝါကြောင့် ကုန်သွား၊ သုံးပစ် လိုက်ရမယ့် ဆီဖိုးကိုလည်း တော်ရုံလူက မတတ်နိုင်ပါဘူး။ ဆိုပါတော့ တော်ရုံချမ်း သာရုံနဲ့ ဒီလို ပြိုင်ကားကို မစီးနိုင်ပါဘူး။ ပိုက်ဆံတွေ အလကားရနေတဲ့ သူတွေရဲ့ သားသမီးတွေသာ စီးနိုင်မှာပါ။

ကျွန်တော်တို့ဆီမှာ ပိုက်ဆံတွေ အလကားရနေတာ ဘယ်လိုလူမျိုးတွေ ရှိသလဲ။

နံပါတ်(၂)အချက်က ဒီပြိုင်ကားတွေ နဲ့ ပြဿနာ တက်တိုင်း တရားခံမပေါ် တာပါပဲ။ မေးစရာ ရှိပါတယ်။ ကျွန်တော် တို့ဆီမှာ ပြိုင်ကား အဲသည်လောက် ပေါ များလို့ ဖမ်း မမိတာလား။ ဒီလိုမော်တော် ယာဉ်စာရင်းတောင် ရှာမတွေ့နိုင်ရ အောင်အစိုးရက လခပေး ခန့်ထားတဲ့ ယာဉ်ထိန်းတွေ ဘာလုပ်နေလဲ။ ကညန မှာ လိုင်စင် မဝင်ထား ဘဲ ကားဆိုတာ စီးလို့ မရပါဘူး။ ကညနကရော ဒီကားတွေ ကို မသိတာလား။

ဒါမှမဟုတ် ပိုက်ဆံတွေအလကားရနေတဲ့ လူတွေရဲ့သားသမီးတွေမို့မဖမ်း ရဲတာလား။

ဒါကိုအန္တရာယ် ရှိတယ်လို့ မထင် ကြဘူးလား။

ဆိုပါစို့။ ကျွန်တော်တို့ တိုင်းပြည် မှာ၊ ဘေ့စ်ဘော ကစားတဲ့ အလေ့အထ မရှိပါဘူး။ သိရသလောက် ဘေ့စ်ဘော ကွင်းတောင် မရှိပါဘူး။ ဒါပေမဲ့ ပြိုင်ကား ပေါ်က လူတွေ ရဲ့ လက်ထဲမှာ ဒီ ဘေ့စ် ဘောရိုက်တံက ဘာလို့ ရှိနေတာလဲ။ သူတို့မှာ ဒီလိုလုပ်ဖို့ ရည်ရွယ်ချက် ရှိလို့ကို ရှိနေတာပါပဲ။ ဒီလိုပဲ ဒီလူတွေကို ဖမ်း မမိနိုင်ပြန် ရင် နောက် လူတွေ အတွက် ရော အန္တရာယ် မရှိနိုင်ဘူးလား။ အများ ကတော့ ပြောပါတယ်။ ဥပဒေ ဆိုတာ သား ရေကွင်းလိုပဲချဲ့လို့ချုံ့လို့ရသတဲ့။

ကျွန်တော်ကတော့ ပြောချင်ပါတယ်။ အခုကြုံနေရတဲ့ ဥပဒေက သား ရေကွင်း လောက်တောင် မပျော့ပျောင်းတော့ပါဘူး။ဥပဒေဆိုတာ ဆူးတစ်ချောင်းလိုပါ ပဲ။ အကာအကွယ်မဲ့သူတွေကိုသာ စူးပါတယ်။

ဒီအကြောင်းပြောပါရစေ

ဒီအကြောင်း ပြောဖို့ကို ကျွန်တော့် ကိုယ်ကျွန်တော် အတော် စဉ်းစားရပါ တယ်။ မပြောရင်လည်း ဘဝင်မကျတဲ့ အကြောင်းတွေမို့ ပြောဖြစ်သွားတာပါ။

ဒီအကြောင်းပြောမိလို့ ကျွန်တော့် ကိုလည်း အမြင်ကတ်ကောင်း ကတ်ကြ ပါလိမ့်မယ်။ ဒါပေမဲ့ မတတ်နိုင်ပါဘူး။ စာရေးဆရာ ဆိုတာ ပြည်သူတွေ အကျိုး အတွက် သိ သင့် တာတွေကိုတော့ ပြောရမှာပါပဲ။

အားလုံးလည်း သိတဲ့အတိုင်းပါပဲ။ ဒီလပိုင်းဟာ ကလေးသူငယ်များ အစ ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ လူငယ် တွေရဲ့ ဆယ်တန်း စာမေးပွဲ ရာသီလည်း ဖြစ်ပါတယ်။

လူငယ် တစ်ယောက်ဟာ ဆယ်တန်း ကိုမှ မအောင်မြင်ရင် လူရာဝင်ဖို့ အင်မတန် မှကို ခက်ခဲလှပါတယ်။ ဒါကို သိကြတဲ့ လူငယ်များ၊ ကလေး မိဘများဟာ ဆယ် တန်း စာမေးပွဲကို သာမန် အောင်မြင်ဖို့ ထက်ကို အမှတ်ကောင်းကောင်း နဲ့ အောင်မြင်ဖို့ အတွက် အပြင်း အထန် ကြိုးစားနေ ကြရပါပြီ။ ဆယ်တန်း စာမေးပွဲမှာ အ မှတ် ကောင်းကောင်း ရမှကိုယ်ရွေးချယ်ချင် တဲ့လိုင်းနဲ့ လမ်းကြောင်းကို ရွေးချယ်ခွင့် ရမှာပါ။

ဒါကြောင့် ဒီလပိုင်းဟာ ကလေး တွေအတွက် အနာဂတ်လို့ ပြောရင် လည်း မှားမယ် မထင်ပါဘူး။ တစ်နှစ်လုံး မကြိုးစားခဲ့ ရင်တောင် ဒီလပိုင်း မှာအပြင်း အထန် ကြိုးစား ရင်း အမှတ်ကောင်းရဖို့ မီနိုင်သေးတာကိုး။ ဒါကို သိကြတဲ့ ကလေး တွေလည်း ကြိုးစားကြပါတယ်။

ဒါပေမဲ့ ဘဝင်မကျတာက ဒီလိုအချိန် ဒီလိုလမှာ နားနဲ့မဆံ့အောင် ကြားနေရ တဲ့ လော်စပီကာအသံပါပဲ။

အကြောင်းပြချက် မျိုးစုံ၊ ဘာသာ ရေးပွဲများ၊ စာပေဟောပြောပွဲများ၊ နိုင်ငံ ရေးပွဲများက မဆံ့မပြဲ ဖွင့်ထားတဲ့ လော်စပီ ကာသံတွေဟာ အနာဂတ် အတွက် စာကျက် နေတဲ့ ကလေးတွေ ကို အနှောင့်အယှက် မဖြစ်စေဘူးလားခင်ဗျာ။

ဒီအချိန်ဆိုရင် ရပ်ကွက် အတော် များများက လမ်းတွေပါ ပိတ်ပြီး အချို့လည်း လမ်းမပေါ် တက်ပြီးပွဲတွေ ကျင်းပနေ ကြပါတယ်။

ကျွန်တော်လည်း ဗုဒ္ဓဘာသာမြန် မာလူမျိုးအစစ်ပါပဲ။

ဒါပေမဲ့ သံသရာခရီး အရေးကြီး သလို ကလေးတွေရဲ့ အနာဂတ်အရေး ကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် ကလေးတွေအရေးကိုလည်း စာနာပေး ကြပါလို့။

အခြေခံသင်ရိုးတွေ ပြောင်းဦးမတဲ့

ကျွန်တော်တို့ဆီမှာ အမြဲတမ်း ပြောင်းလဲနေတာ ပညာရေးစနစ်ကသင်ရိုးပါပဲ။

ကျွန်တော်တို့ ငယ်စဉ် ကတည်းက ပြောင်းလာလိုက်တာ ဒီနေ့ခေတ် အထိ ပါပဲ။ ဘာမှ မပြောင်းလဲပဲ၊ အပြောင်းအလဲ မရှိတဲ့ ခေတ်မှာတောင် သင်ရိုး ကတော့ ပြောင်းနေ ကျပါပဲ။

ဘာကြောင့်ရယ်တော့ မသိပါဘူး။ လေးငါးနှစ် တစ်ကြိမ်လောက်ကို သင်ရိုး ကတော့ ပြောင်းနေ ရတာပါပဲ။ ဒီထက် ပိုပြီး ရယ်စရာ ကောင်းတာက ယိုးဒယား နဲ့ မတည့် တုန်း ကလည်း ယိုးဒယား မကောင်းကြောင်း စာအုပ်တွေ တရား ဝင် ထွက်လာပြီး ကလေးတွေကို သင်ခိုင်း တာပါပဲ။

ကိုယ်နဲ့မတည့်တာနဲ့ မတည့်တဲ့ သူ တွေအကြောင်း စာအုပ် ထုတ်တယ် ဆို တာ အင်မတန်မှ ကို ရယ်စရာကောင်းပါ တယ်။

ဒီထက် ပိုရယ်စရာ ကောင်းတာက အခြေခံ သင်ရိုးတွေ အသေအချာရေးဆွဲ ထားခြင်း မရှိပါဘဲ ကျောင်းတွေကို အလျင် မီအောင် ဖွင့်ခဲ့တာမျိုးပါ။ ဥပမာ ရုပ်ရှင် အနုပညာ တက္ကသိုလ်တွေပေါ့။ သင်ရိုး က မရှိသေးဘူး။ ကျောင်းကဖွင့်ပြီးနေပြီ။

ဒီလိုဆိုကြပါစို့။

ကျွန်တော်တို့ ငယ်စဉ်ကလည်း စာ သင်ခဲ့ရပါတယ်။ ဒါပေမဲ့ ငယ်စဉ် ကတည်း က သင်ခဲ့တဲ့ စာတွေကို ဒီနေ့ အချိန်ထိ မှတ်မိစရာရှိရင် မှတ်မိပါတယ်။

အခုခေတ် ကလေးတွေ ကတော့ ဘာဖြစ်တယ်ရယ်လည်း မသိပါဘူး။ ဒီ နှစ်သင်ပေးလိုက်တဲ့ စာကိုနောက်နှစ် ကျ ရင် လုံးဝ မမှတ်မိတော့ပါဘူး။ မယုံရင် ကိုယ့် ရဲ့ သား သမီးတွေကိုပဲ ပြန်မေးကြည့်ပါ။ ဆိုကြပါစို့ရဲ့။ ကလေးတွေ ပညာရေး အားနည်းတာ၊ အခြေခံ သင်ရိုးတွေ ကြောင့်လား။ ဒါမှမဟုတ် ကလေးတွေ ရဲ့ ခေါင်းထဲကို ထာဝရ ရိုက်သွင်းပေးနိုင် သည်အထိ သင်ကြားပေးနိုင်တဲ့ ဆရာ၊ ဆရာမ အားနည်းချက်ကြောင့်လား။

တစ်ခါက ကြားလိုက်ပါတယ်။ ဆရာမ နှစ်ယောက် စကားပြောသွားကြတာ။

”ရန်ကုန်မြို့ဟာ ဘယ်တိုင်းမှာ လဲဟင်”

ဘယ်သူ့မှ မနိုင် စတုတ္ထမဏ္ဍိုင်..

ဒီလိုပြောလို့ စာနယ်ဇင်း ဆရာ၊ ဆရာမတွေ စိတ်ဆိုးမယ် မထင်ပါဘူး။ တကယ်ပါပဲ စတုတ္ထ မဏ္ဍိုင်က ဘယ်သူ့ ကိုမှနိုင်တယ် ဆိုတာ မတွေ့ရသေးပါဘူး။

ဆိုပါစို့။ လွတ်လပ် ပွင့်လင်းတဲ့ ခေတ်မှာ သတင်းစာများ၊ သတင်းသမား များဟာ အားကြိုးမာန်တက်နဲ့၊ ပြည်သူ့ အရေးကို အလေးပေး ဆောင်ရွက်လာ တာ တွေ့ရ ပါတယ်။ ပြည်သူတွေ သိ သင့်တဲ့ သတင်း၊ ပြည်သူတွေ လိုအပ် နေတဲ့ လိုအပ်မှုများကို အချိန်နဲ့တစ် ပြေးညီ ဖော်ပြပေးလာကြပါတယ်။

သတင်း အချက်အလက် အမှန် အကန်နဲ့ မှတ်တမ်း မှတ်ရာ အပြည့် အစုံ ရယူပြီး အချိန်နဲ့တစ်ပြေးညီ ဖော်ပြ နေကြတာလည်း အားရစရာပါပဲ။

ဒါပေမဲ့ ဘယ်လောက်ပဲ သတင်း မှန်ဖော်ပြဖော်ပြ၊ ဘာမှ ဖြစ်မလာတာ ကလည်း အံ့သြစရာပါပဲ။ နေ့စဉ် ဖြစ်နေတဲ့ သတင်းတွေ၊ သတင်းတွေ၊ သတင်း တွေ ဖော်ပြနေ ကြတယ်။ ပြည်သူတွေ ကို ကိုယ်စားပြုလာကြတယ်။ ဒါပေမဲ့ သတင်း ပဲဖြစ်လာတယ်။ ကျန်တာ ဘာမှ ဖြစ်မလာပါဘူး။

ဘယ်လူကြီးက ဘာတွေသိမ်းလို့၊ ဘယ် လူကြီးက ဘယ်လို ရိုင်းစိုင်းလို့၊ ဘယ်လူကြီးသားက ဘယ်လို စော်ကား လို့ စသည်ဖြင့် သီတင်းတွေ ဖြစ်လာ ကြပါတယ်။ ဒါပေ မဲ့ ပြည်သူတွေ ကြား ထဲ သီတင်းပဲ ဖြစ်ကျန်ခဲ့ပါတယ်။ ဒါပေ မဲ့ ဘာမှ ထင်ထင်ရှားရှား ထိရောက် မှုကို မမြင်ရသေးပါဘူး။

ဘာကြောင့်လဲ။

ကျွန်တော်ထင်ပါတယ်။

”မင်းတို့ ဘယ်လောက်ရေးရေး၊ ငါတို့က စာမှမဖတ်တာ”

တိုးတက်မှုကို မြင်ယောင်ပါသေး တယ်။

နောက်တစ်ပတ်ပေါ့ခင်ဗျ။

အကြည်တော်

Popular Myanmar News Journal