ပါဂျောင်ကိစ္စ အစွပ်စွဲခံနေရသူအချို့မှာ စစ်ထောက်လှမ်းရေး လုံးဝမဟုတ်ဟု ကိုမြအေး အာမခံ

ပို့စ်တင်ချိန် - 3/04/2014 12:47:00 PM




[ မိုးမြင့်ကျော်(မြစ်မခ) ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ]

မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)မြောက်ပိုင်း ပါဂျောင်ဒေသ ၌ စစ်ထောက်လှမ်းရေးဟု စွပ်စွဲအဆုံးစီရင် ခံရမှုများအနက် အချို့မှာ စစ်ထောက်လှမ်း ရေး လုံးဝမဟုတ်သည်ကို မိမိအနေနှင့် လုံးဝ အာမခံနိုင်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုမြအေးက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံအထက်ပိုင်း ဗကသ ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော်နှင့် ကိုမောင်မာင်ြ<ွကယ်(အကသ)တို့မှာ ၈၈ ကာလ အတွင်း နိုင်ငံရေး လက်တွဲလုပ်ဆောင် မှုများအရ စစ်ထောက်လှမ်းရေးလုံးဝမဟုတ် ဆိုသည်ကို လုံးဝအာမခံနိုင်ကြောင်း စွပ်စွဲ စီရင်ခံ ရသော မြောက်ပိုင်းကျောင်းသားတပ် မတော်များအားရည်ရွယ်၍ My Missing Friend အမည်ရှိ Documentary Photo Installation ၌ ပြောခြင်းဖြစ်သည်။

''ဒီအဖြစ်အပျက်ကြီးက ကျောင်း သားတပ်မတော်ရဲ့ပုံရိပ်နဲ့ မဆိုင်ပါဘူး။ ကျွန် တော်တို့တွေက ဒီစစ်ဝါဒီဆန်ဆန်နှိပ်စက် ညှဉ်းဆဲမှုတွေကို မလိုချင်လို့ တိုက်ပွဲဝင်ခဲ့ တာပါ။ တကယ်လို့ ဒီလူတွေက စစ်ထောက် လှမ်းရေးဖြစ်နေရင်တောင် နှိပ်စက်ညှဉ်း ပန်းပြီး သတ်ဖြတ်စရာမလိုပါဘူး''ဟု ကိုမြ အေးက ပြောသည်။

အမှန်တရားအတွက် လိုအပ်နေ သည့် ကွက်လပ်တစ်ခု ကို ဖြည့်ဆည်းနိုင်ရေး ရည်ရွယ်၍ My Missing Friend အမည်ရှိ Documentary Photo Installation ပြပွဲ ကို ပန်းဆိုးတန်းလမ်းရှိ စာပေလောက(၅) အပေါ်ထပ်၌ ဖေဖော်ဝါရီ၂၆ရက်မှ ၂၈ရက် အထိ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

''ဘယ်သူမှားတယ်၊ မှန်တယ်ဆို တဲ့ စစ်မှန်တဲ့အဖြေတစ်ခုထွက်လာဖို့ လိုအပ် နေတဲ့ ကွက်လပ်တစ်ခုကိုဖြည့်ပေးတဲ့သဘော ပါပဲ။ သေဆုံးသွားတဲ့ ဒီကျောင်းသားရဲဘော် တွေအတွက် အမှန်တရားကို ကျွန်တော့် အနုပညာနဲ့ ရှာဖွေပေးတာပါ''ဟု ပန်းချီ ကို ကြည်လင်းက ပြောသည်။

အဆိုပါပြပွဲ၌ စစ်ထောက်လှမ်း ရေးဟု စွပ်စွဲအဆုံးစီရင်ခံရသူ ၄၂ဦးအနက် ၃၉ဦး၏ အမည်၊ ဓာတ်ပုံနှင့် အကြောင်း အရာများကို ပြသခဲ့ခြင်းဖြစ်ပြီး ကျန်သုံးဦး မှာ စာရင်းပြုစုရာ၌ နောက်ကျခဲ့၍ မပါဝင် ခဲ့ရခြင်းဖြစ်သည်ဟု ယင်းပြပွဲစီစဉ်သူကပြော သည်။

စစ်ထောက်လှမ်းရေးဟု စွပ်စွဲ စီရင်ခံရသူများ၏ သက်ဆိုင်ရာမိသားစုဝင် များမှ အဆိုပါစွပ်စွဲစီရင်သူများ၏ တာဝန်ရှိ သူများကို အမှုဖွင့်တရားစွဲဆိုထားခြင်းများ ပြုလုပ်ထားပြီး အဆိုပါကိစ္စကို သက်ဆိုင် ရာရဲစခန်းများသို့ လွှဲပြောင်းထားပေးပြီးဖြစ် သည်ဟု သိရသည်။

၁၉၉ဝပြည့်နှစ်မှ ၁၉၉၃ခုနှစ် အကြား ကျောင်းသားတပ်မတော် မြောက် ပိုင်း ပါဂျောင်ဒေသတွင် စစ်ထောက်လှမ်း ရေးဟု လူပေါင်း ၁ဝဝကျော်ကို စွပ်စွဲနှိပ် စက်ကာ ၄၂ဦးမှာ အဆုံးစီရင်ခံခဲ့ရသည်။ ၁၉၉၂ခုနှစ် ဖေဖော်ဝါရီ၁၂ရက် တစ်ရက် တည်းတွင် အထက်ဗမာပြည်ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်းသားတပ်မတော်မှ လူပေါင်း၁၅ဦး ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။


The Flower News Journal

အတွဲ (၁၀) ၊ အမှတ် (၁၀)

(4 - 10, 02, 2014 ၊ တနင်္ဂနွေနေ့)

Yangon Media Group