လူမည်းဖြစ်နေခြင်းကြောင့် အင်္ဂလန် အသင်းခေါင်းဆောင်ရာထူး မရရှိခဲ့ကြောင်း ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားခဲ့သည့် ဆိုးလ်ကမ်းဘဲလ်၏ ဖွင့်ဟမှုကို အံ့အားသင့်မိသည်ဟု အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် မက်စ်ပါလီယို့စ်ကပြော

ပို့စ်တင်ချိန် - 3/04/2014 11:02:00 PM


လူမည်းဖြစ်နေခြင်းကြောင့် အင်္ဂလန် အသင်းခေါင်းဆောင်ရာထူး မရရှိခဲ့ကြောင်း ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားခဲ့သည့် ဆိုးလ်ကမ်းဘဲလ်၏ ဖွင့်ဟမှုကို အံ့အားသင့်မိသည်ဟု အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် မက်စ်ပါလီယို့စ်ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရာသီက ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ခဲ့ရာတွင် လီဗာပူးမှာ အခွန်ဆောင်ပြီးနောက် ပေါင် ၄၉.၈သန်း အရှုံးပေါ်ခဲ့သည်။

အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန်အတွက် ရုပ်သံအထောက်အပံ့ ယူရေး၊ မယူရေးအပေါ် သဘောထား ကောက်ခံခဲ့ရာတွင် အီတလီ ထိပ်တန်းနည်းပြများက ရုပ်သံအထောက်အပံ့ယူရန် ထောက်ခံ ခဲ့ကြသည်ဟု သိရသည်။

အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးမည့် ယခုရာသီအကုန်တွင် အာဆင်နယ်မှ ထွက်ခွာမည်ဟု တိုက်စစ်မှူး ဘန်တနာက ပြောကြားခဲ့သည်။

စပါးနှင့်ပွဲစဉ်တွင် ပင်နယ်တီ လွဲချော်ခဲ့ခြင်းကြောင့် နည်းပြ ၀ါနော့ခ်၏ ဝေဖန်မှု ခံခဲ့ရသည့် ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ပန်ချီယွန်မှာ ၀ါနော့ခ်ကို တွစ်တာမှ တစ်ဆင့် ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး ယင်းအတွက်ကြောင့် အက်ဖ်အေမှ ၎င်းကို ပေါင် ၁၅၀၀၀ ဒဏ်ငွေပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်မှာ နောက်ခံလူ မာတီဆက်ကာနှင့် ကွင်းလယ်လူ ရိုဆစ်စကီးတို့ကို စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ သို့သော် စာချုပ်သက်တမ်းကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

စပါးကို ၁-၀ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မတိုင်မီ တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ပါက ကစားသမားများကို ဆုကြေးငွေ ပေါင် ၃.၇သန်း ပေးမည်ဟု ပြောခဲ့သည့် ကာဒစ်ဖ်အသင်းပိုင်ရှင် ဗင်းဆင့်တန်ကြောင့် ကာဒစ်ဖ်အသင်းကို အက်ဖ်အေမှ ဖြေရှင်းချက်တောင်းထားကြောင်း သိရသည်။ ပရီးမီးယားလိဂ်တွင် ကစားသမားများအပေါ် ဆုကြေးငွေ ပေးအပ်မည့် ပမာဏကို စာချုပ်ချုပ်ဆိုစဉ်ကတည်းက ထည့်သွင်းထားပြီးဖြစ်ကာ အဆိုပါစာချုပ်အတိုင်း လိုက်နာရမည့် စည်းမျဉ်းရှိနေခြင်းကြောင့် ယခုကဲ့သို့ ဖြေရှင်းချက်တောင်းခံခြင်းဖြစ်သည်။

@z (ရိုးရာလေး)