သမ္မတကြီးပေးတဲ့ မွေးနေ့လက်ဆောင်အကောင်းဆုံးပဲ

ပို့စ်တင်ချိန် - 3/04/2014 08:00:00 PM



မတ်လ (၂) ရက်နေ့က အင်းစိန်ရွာမကျောင်းတိုက်တွင် အမျိုးဘာသာသာသနာစောင့် ရှောက်ရေးအဖွဲ့ဗဟိုဥက္ကဋ္ဌဆရာ တော်အရှင်တိလောကဘိဝံသ၏ သက်တော် ၇၅ နှစ်ပြည့်စိန်ရတု  ၀ိဇာတကုသိုလ်တော်မင်္ဂလာ အခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆရာတော်အရှင်တိလောကာဘိဝံ သ၏အတ္ထုပ္ပတ်္တိအားမဇ္ဈိမဂုဏ်ရည် ဆရာတော်မှဖတ်ကြားရာ “န၀တ  အစိုးရလက်ထက်တုန်းက ဆရာ တော်ဘုရားဟာတပည့်တွေကို နိုင်ငံရေးကိစ္စမလုပ်ခိုင်းသလို ဆရာတော်ဘုရားကိုယ်တိုင်လည်း  အဲဒါမျိုးတွေမလုပ်ပါဘူး။ ဒါပေမဲ့ ဆရာတော်ဘုရားဟာဝဋ်ကြွေး ကံကြမ္မာမလွတ်သာတဲ့အခါမလျော်  ရာနေရာကိုရောက်ခဲ့ရတယ်။ အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အတွက် ဆရာတော်ဘုရားရဲ့ မေတ္တာရပ်ခံချက်နဲ့ လက်မှတ်ထိုး  ချက်တွေ နိုင်ငံတော်သမ္မတကြီး ဆီကိုပို့ပေးလိုက်တယ်။ ၂၅ ရက် နေ့မှာ နိုင်ငံတော်သမ္မတရုံးကနေ ပြီး အမျိုးစောင့်ဥပဒေကိုလွှတ်တော်  နာယကကြီးဆီပို့လိုက်တဲ့စာမူရင်း ဆရာတော်ထံသမ်္မတရုံးက ဆပ်ကပ်ခဲ့တယ်။ အဲဒါကို ဆရာ တော်ဘုရားကအားလုံးပေးတဲ့ မွေးနေ့လက်ဆောင်ထဲမှာ သမ်္မတ   ကြီးပေးတဲ့ ဒီမွေးနေ့လက်ဆောင် က အကောင်းဆုံးပဲလို့မိန့်ကြား တယ်”ဟု ထည့်သွင်းမိန့်ကြားခဲ့ သည်။

လွှတ်တော်နာယကကြီး ဦးရွှေမန်းနှင့် တာဝန်ရှိသူများ အစည်းအဝေးထိုင်ပြီးအမျိုးစောင့် ဥပဒေသည်နူးညံ့သိမ်မွေသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများဥပဒေ ကြမ်းရေးဆွဲပြီးမှ လွှတ်တော်တင် ရန်သမ္မတကြီးဆီသို့ပို့သည့်စာအား ဆရာတော်ဘုရားထံဖေဖော်ဝါရီ ၂၇ ရက်တွင် သမ်္မတရုံးမှဆက်ကပ်  ခဲ့ကြောင်း၊ ယခုဒေါ်အောင်ဆန်း စုကြည်တက်ရောက်သည်ကို ဆရာတော်ဘုရားများအနေဖြင့် အဖိုးမဖြတ်နိုင်သည့်မွေးနေ့လက် ဆောင်အဖြစ်ခံယူထားကြောင်း၊ ဆရာတော်ဘုရား၏ ၇၆ နှစ်ပြည့် စိန်ရတုအလွန်မွေးနေ့တွင်လည်း သာသနာရေးဝန်ကြီးဦးဆန်းဆင့်နှင့်    ဒေါ်အောင်ဆန်းစုကြည်တို့မှ ဗုဒ္ဓ ဘာသာဝင်များအတွက် တကယ်  လိုအပ်သည့်အဆိုပါဥပဒေကိုမွေး နေ့လက်အောင်အဖြစ်ပေးစေချင် ကြောင်း မဇ္ဈိမဂုဏ်ရည်ဆရာတော် ကမိန့်ကြားသည်။

ယင်းအခမ်းအနားသို့သာသနာ ရေးဝန်ကြီးဦးဆန်းဆင့်နှင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့တက် ရောက်ခဲ့ကြသည်။  



အာကာဗိုလ်

hotnewsweekly