ဘင်လာဒင်၏ နေအိမ်သို့ လည်ပတ်သူ တစ်သန်းခန့်ရှိ

ပို့စ်တင်ချိန် - 3/04/2014 07:15:00 PM


အီတာပိုနယူး| အစ္စလာမ်မာဘတ်၊ မတ် ၃

အယ်လ်ကိုင်ဒါအဖွဲ့ခေါင်းဆောင် ဘင်လာဒင်အား အမေရိကန်တပ်ဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်နောက် ပိုင်း ၎င်း၏ပုန်းခိုရာ ကတုတ်ကျင်းမှာ ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိကစွဲဆောင်မှုတစ်ရပ်ဖြစ်လာ ခဲ့ကြောင်း မတ်လ ၃ ရက်က eturbonews သတင်းဌာန၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်လာဒင် ခိုအောင်းရာနေရာသို့ လာရောက်လည်ပတ်သည့်ဦးရေမှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ နာမည်ကျော် ဆန်းကြယ်သော နောဒစ်အိမ်ကြီးနှင့် ကမ္ဘာလှည့်ခရီးသည်များကို အဆွဲဆောင်နိုင်ဆုံး ၁၀ နေရာထဲတွင် နှစ်ခုအပါအ၀င်ဖြစ်သော ဖလော်ရီဒါရှိ စပျစ်ခြံနှင့် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ The Muso တို့အား လာရောက်လည်ပတ်သူဦးရေဖြစ်သည့် လူဦးရေတစ်သန်းနှင့် ဆတူညီမျှလျက်ရှိသည်။

သဘောထားစစ်တမ်းကောက်ယူမှုများအရ ပါကစ္စတန်လူမျိုးများက အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့အား မုန်တီးကြသော်လည်း နိုင်ငံအတွင်းရှိ အချို့လူများမှာ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဘင်လာဒင်အား ၎င်း၏ ၁၉၈၀ ခုနှစ်များအတွင်း အာဖဂန်မှ ဆိုဗီယက်စစ်သားများကို တွန်းလှန်ခဲ့ခြင်းကြောင့် ဆက်လက် ချီးကျူးလေးစားလျက်ရှိသည်။

ထို့အပြင် ဘင်လာဒင်ခိုအောင်းခဲ့ရာ ကတုတ်ကျင်းသို့ လာရောက်လည်ပတ်သူများမှာ တံခါးဆီသို့လမ်း လျှောက်ကာ ရှစ်ပေခန့် အောက်သို့ဆင်းပြီး အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် နောက်ဆုံးပွဲတော် တည်ခဲ့သော မီးဖိုချောင်သို့ သွားရောက်လည်ပတ်နိုင်ခြင်း (သို့) ကျဉ်းမြောင်းသော လှေခါးမှ ပေ ၁၀၀ ခန့် အပေါ်သို့တက်ကာ နေ့ခင်းနေ့လယ်ဘက် ၎င်းအချိန်ဖြုန်းခဲ့သော ခေါင်မိုးပေါ်သို့လည်း တက်ရောက်ကြည့် ရှုနိုင်သည့်အပြင် အိပ်ခန်းသို့လည်း သွားရောက်လေ့လာနိုင်သည်။
Mizzima - News in Burmese