အစုရှယ်ယာများမှ အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံကျော်ကို ဇူကာဘတ် ရရှိ

ပို့စ်တင်ချိန် - 4/01/2014 05:50:00 PM


ဧပြီ ၁။

Facebook တည်ထောင်သူ မက်ဇူကာဘတ်သည် ၂၀၁၃ ခုနှစ်အတွင်း ရှယ်ယာများ ဝယ်ယူနိုင်ခွင့်ကို ရောင်းချခြင်းမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံ ရရှိခဲ့ကြောင်း အချက်အလက်များ ထွက်ပေါ်ခဲ့သည်။

Facebook အား အများပိုင် ကုမ္ပဏီအဖြစ် ပြုလုပ်ပြီးနောက်တွင် ဇူကာဘတ်၏ ရှယ်ယာ ဝယ်ယူနိုင်ခွင့်ကို ထောက်ပံ့နိုင်မှု လျော့ကျခဲ့သည်။

ဇူကာဘတ်သည် အခွန်ဆောင်ရာတွင် အထောက်အကူ ဖြစ်ရန်အတွက် အစုရှယ်ယာပေါင်း သန်း ၆၀ ကို ရရှိထားခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် သူ၏  အခြေခံလစာမှာ ၁ ဒေါ်လာ သို့ကျဆင်းခဲ့ပြီး ဂူဂဲလ်၏ လယ်ရီပေ့ခ်ျနှင့် Apple ကုမ္ပဏီ ပိုင်ရှင် စတိဗ်ဂျော့တို့ ကဲ့သို့ နည်းပညာ ကုမ္ပဏီခေါင်းဆောင်များ ကဲ့သို့ပင် ဖြစ်သည်။

အထွေထွေ ထောက်ပံ့ကြေးမှာ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၉၉ သန်းမှ ၆၅၃၁၆၅ အမေရိကန်ဒေါ်လာသို့ ကျဆင်းခဲ့သည်။

ကုန်ကျစရိတ် အများစုမှာ လုံခြုံရေးဆိုင်ရာ အကြောင်းအချက်အလက်များကြောင့် ပုဂ္ဂလိက လေယာဉ်များဖြင့် ပျံသန်းမှုတွင် ကုန်ကျခဲ့ခြင်း ဖြစ်ကြောင်း Facebook မှ ပြောဆိုခဲ့သည်။

မက်ဇူကာဘတ်မှာ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၂၅.၇ ဘီလျံ တန်ဖိုးရှိ Facebook ရှယ်ယာပေါင်း ၄၂၆.၃ သန်းကို ပိုင်ဆိုင်ထားသည်။

မိုဘိုင်းကြော်ငြာများမှ ရရှိသော ငွေကြေးသည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်တွင် လူမှုဆက်သွယ်ရေး ကွန်ယက်တွင် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Facebook ၏ ရှယ်ယာများမှာ ပြီးခဲ့သောနှစ်ကထက် နှစ်ဆနီးပါး ထိုးတက်ခဲ့သည်။

REF: BBC
The Myanma Age