iPhone 6 ဟုယူဆရသည့် ဓာတ်ပုံများ ထွက်ပေါ်လာ

ပို့စ်တင်ချိန် - 4/01/2014 12:17:00 PM


Apple ၏ အသစ်ထွက်ရှိလာမည့် iPhone 6 ဟုယူဆရသည့် ဓာတ်ပုံ သုံးပုံကို Weibo account တစ်ခုမှ ဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံများကို Foxconn မှ တစ်စုံတယောက်က တင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းထုတ်လုပ်ရေး စက်ရုံတွင် စမ်းသပ်မှုများ ပြုလုပ်နေသည့် ထုတ်ကုန် ပုံစံငယ်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။ သို့သော် ယခုဓာတ်ပုံများအပေါ် မယုံကြည်သူ အများအပြား ရှိနေသော်လည်း Apple အနေဖြင့် iPhone အသစ် ကို ယခုနှစ်အတွင်း ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

ဓာတ်ပုံများတွင် iPhone 6 သည် ပိုမိုပါးလွှာပြီး ဖုန်း၏ ကိုယ်ထည် ကင်မရာမှ မှန်ဘီလူးသည် iPod Touch ၏ ကင်မရာကဲ့သို့ပင် ကိုယ်ထည်ပေါ်သို့ အနည်းငယ် မြင့်တက်နေကြောင်း ဖော်ပြထားသည်။ အဆိုပါ အချက်သည် ယခင် iPhone များနှင့် မတူကွဲပြားသည့် အချက် ဖြစ်လာဖွယ်ရှိသည်။ အခြား ကောလာဟလ သတင်းများတွင်လည်း အသစ်ထွက်ရှိလာမည့် iPhone သည် ၎င်း၏ မျက်နှာပြင်ကို အထူးပြုလုပ်ထား ကြောင်း ဖော်ပြခဲ့ကြသည်။

ထို့အပြင် Apple သည် စမတ်ဖုန်းနှင့် tablet ထုတ်ကုန်နှစ်ခုအကြား ကွာခြားမှု မရှိတော့သည့် အရွယ်အစား ကြီးမားသော Android စမတ်ဖုန်းများကို ယှဉ်ပြိုင်ရန် iPhone 6 ကိုကြီးမားသော display အရွယ်အစားများဖြင့် စမ်းသပ်နေကြောင်းလည်း သိရသည်။


Ref: TheVerge
Internet Journal