ပထွေးဖြစ်သူ၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် မိခင်သေဆုံး၊ သမီးဖြစ်သူမှ အရေးယူပေးရန် တိုင်တန်း

ပို့စ်တင်ချိန် - 4/01/2014 09:36:00 PM


ရန်ကုန်၊ ဧပြီ ၁

၁.၄.၂၀၁၄ရက်နေ့ ၁၀၀၀အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊(၁၆)ရပ်ကွက်
နေ မသန္တာဝင်းထံသို့လှိုင်သာယာမြို့နယ်၊(၁၅)ရပ်ကွက်နေ ပထွေးတော်စပ်
သူ ဦးစိုးဝင်းနိုင် ရောက်ရှိလာပြီး မသန္တာဝင်း၏မိခင်ဖြစ်သူ ဒေါ်နွဲ့နွဲ့ဦး
(၅၅)နှစ်မှာ နှလုံးလေဟပ်၍ သေဆုံးသွား၍ သဂြုင်္ိဟ်တော့မည်ဖြစ်ကြောင်း
ကိုပြောပြခဲ့သဖြင့် ၎င်းမှ သဂြုင်္ိဟ်ခြင်းမပြုသေးရန်နှင့် မိခင်၏ရုပ်အလောင်း
အား လိုက်ကြည့်လိုသေးကြောင်းပြောကာ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုရာ မိခင်၏ရုပ်အလောင်းတွင် ပါးစပ်မှသွေးထွက်
လျက် ယာမျက်လုံး၊ ယာနားထင်၊ ၀ဲချိုစောင်းတို့၌ ဖူးရောင်ဒဏ်ရာများရရှိ ထားသည်ကိုတွေ့ရှိရ၍ ပတ်ဝန်းကျင်အားမေးမြန်းစုံစမ်းခဲ့ရာ ၃၁.၃.၂၀၁၄ ရက်နေ့ ညပိုင်းက မိခင်နှင့် ပထွေးဖြစ်သူ စိုးဝင်းနိုင်တို့(၂)ဦးသည် တစ်ညလုံးစကားများရန်ဖြစ်ကြပြီး မိခင်အား ပထွေးဖြစ်သူမှ ထိုးကြိတ်
ရိုက်ပုတ်နေခဲ့သည်ကို သိရှိရကြောင်းနှင့် ယင်းကဲ့သို့ မိခင်အား သေဆုံး
အောင်ပြုလုပ်သည့် ပထွေးဖြစ်သူ စိုးဝင်းနိုင် ကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၄၂၁/၂၀၁၄၊ ပြစ်မှု
ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ စိုးဝင်းနိုင်၊ (၄၀)နှစ်၊ (ဘ)ဦးဝင်းနိုင် ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police