အမှောင်ထုအတွင်းတွေ့မြင်နိုင်ရန် ကူညီပေးမည့် မျက်ကပ်မှန်

ပို့စ်တင်ချိန် - 4/01/2014 04:30:00 PM


ညအမှောင်ထုအတွင်းသို့ ကျွန်ုပ်တို့၏ သာမာန်မျက်စိဖြင့် တွေ့မြင်နိုင်ရန် အနီအောက်ရောင်ခြည်သုံး ညကြည့်မှန်ပြောင်းများကို အသုံးပြုမှသာ တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ သို့သော် ယခုအခါတွင် သုတေသန သမားများအနေဖြင့် ညအမှောင်ထုအတွင်း တွေ့မြင်နိုင်မည့် မျက်ကပ်မှန်တစ်ခုအား တီထွင်လုပ် ဆောင်လျက် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

အဆိုပါလုပ်ဆောင်နေသော အဖွဲ့အနေဖြင့် မျက်ကပ်မှန်အတွင်း Granphene ကိုထည့်သွင်းထားခြင်း ဖြင့် ညအမှောင်အတွင်း မြင်နိုင်သော အာရုံခံစနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါသည်။ သုတေသနသမား များအနေဖြင့် ယခုအခါတွင် လူ၏ လက်ချောင်းထိပ်အရွယ်ထက် သေးငယ်သော နမူနာပုံစံတစ်ခုအား တီထွင် ထုတ်လုပ်နိုင်ခဲ့ကြသည်ဟု သိရှိရပြီး မကြာမီကာလအတွင်း စစ်သည်များနှင့် ညအချိန်အတွင်း မြင်တွေ့နိုင်ရန် လိုအပ်မည့် မည်သူမဆို အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်းလည်း ၄င်းအဖွဲ့မှ ပြောကြားခဲ့ရပါသည်။

Michigan တက္ကသိုလ်မှ လျှပ်စစ်နှင့်ကွန်ပျူတာဌာန၏ လက်ထောက်ပါမောက္ခ ZhaohuiZhong မှ ၄င်းတို့အနေဖြင့် အလွန်ပါးလွှာသော အာရုံခံစနစ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ကြပြီး ၄င်းစနစ်အား မျက်ကပ်မှန် အပေါ်တွင် ပေါင်းစပ်ခဲ့သည်ဟု ဆိုပါသည်။

ယခုနည်းပညာသည် အခြားသော လုပ်ငန်းဆိုင်ရာ၊ ပတ်ဝန်းကျင်အခြေအနေမျိုးစုံ အတွက် ထောက်ပံ့ပေးနိုင်လိမ့်မည်ဟုလည်း Zhong မှယုံကြည်လျက်ရှိပါသည်။ သုတေသနအဖွဲ့အနေဖြင့် Graphene အား ဈေးကွက်ရှိကင်မရာများတွင် ပါဝင်သော CMOS Silicon Imaging အာရုံခံစနစ်ကဲ့သို့ တုံ့ပြန်မှု လွယ်ကူ အောင် တီထွင်နိုင်ခဲ့ကြပါသည်။ Graphene ဆိုသည်မှာ Ultra-broadband Photodetector အတွက် အသုံးပြု ရန် ကောင်းမွန်သော ဒြပ်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ညအမှောင်ထုအတွင်း မြင်နိုင်ရန် အနီအောက်ရောင်ခြည်သုံး ကိရိယာများကို အသုံးပြုခဲ့ကြသော်လည်း ၄င်းပစ္စည်းများမှာ အရွယ်အစားအနေဖြင့် ကြီးမားလှပါသည်။ ယခုကဲ့သို့ လူ၏ မျက်ကပ်မှန်အရွယ်အစားအဖြစ် ဖြစ်ပေါ်လာရန်မှာ လွန်စွာခက်ခဲသော လုပ်ဆောင်ချက်ဖြစ်ပြီး ဆက်လက်၍ ထုတ်လုပ်ဖြန့်ဖြူးနိုင်သည်အထိ ဖြန့်ဝေနိုင်ပါက လူသားများအတွက် လွန်စွာအသုံးဝင်သော ပစ္စည်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ပါသည်။

Ref:dailymail
WorldWide(BMSTU)
TechSpace Journal