ထန်တလန်မြို့၌ မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 4/01/2014 05:45:00 PM


ထန်တလန် မတ် ၃၀

ချင်းပြည်နယ် ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက် မြို့မဈေးအရှေ့ဘက်နေ ဦးမွန်ကျမ်း မိသားစုသည် အသင်းတော်ကျောင်း၌ ဘုရားကျောင်းတက်နေစဉ် မတ် ၃၀ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ၎င်း၏နေအိမ် မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးမွန်ကျမ်း၏ ပျဉ်ထောင်အိမ် မီးလောင်ခဲ့ပြီး လူ၊ တိရစ္ဆာန်တို့ ထိခိုက်မှု မရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးမွန်ကျမ်းအား ထန်တလန်မြို့မရဲစခန်းက (ပ) ၁၂/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar