မြေနေရာပြန်ရရေး အစာငတ်ခံဆန္ဒပြသွားမည်ဟု ပြောကြား

ပို့စ်တင်ချိန် - 4/01/2014 12:22:00 PM


မိချောင်းကန်မြေ ပြန်လည်ရရှိရေး အဆာငတ်ခံဆန္ဒပြသွားမည်ဖြစ်ကြောင်း သပိတ်စခန်း
ဦးဆောင်သူ ဦးစိန်သန်းက မတ်လ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း True News တွင်
ဖော်ပြပါရှိသည်။

"ရိက္ခာက သုံးရက်စာပဲ ကျန်ပါတော့တယ်။ ရိက္ခာကုန်တာနဲ့ လမ်းမပေါ်ထွက်ပြီး အစာငတ်ခံ
ဆန္ဒပြသွားမှာပါ။ မိကျောင်းကန်ပြည်သူတွေက အသေခံပြီး ဆန္ဒပြသွားဖို့ အားလုံးက ဆုံးဖြတ်
ထားပါတယ်"ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။

တတိယအကြိမ် မိချောင်းကန်သပိတ်စခန်းကို မဟာဗန္ဓုလပန်းခြံဘေးတွင် မတ်လ ၂၄ ရက်နေ့မှ
စ၍ စတင်ဖွင့်လှစ်ခဲ့ရာ သပိတ်တွင် ပါဝင်ဆင်နွဲရန် လက်မှတ်ထိုးထားသူ အယောက် ၂၀၀ ကျော်
ခန့်ရှိပြီး ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက်တောင်းထားခြင်း မရှိကြောင်း ၎င်းက ပြောခဲ့သည်။

Myanmar Times