မဟာသင်္ကြန်ကာလ အမြန်ရထားများ ရပ်နားမည်

ပို့စ်တင်ချိန် - 4/01/2014 12:19:00 PM


၁၃၇၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလ သင်္ကြန်အကျနေ့မှ သင်္ကြန် အတက်နေ့(၂၀၁၄ ခုနှစ် ဧပြီ ၁၄ ရက်မှ ၁၆ ရက်)အထိရန်ကုန်-မန္တလေး လမ်းပိုင်းပြေးဆွဲသည့် အမှတ်(၅)အဆန်နှင့် အမှတ်(၆) အစုန်အမြန် ရထား၊ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းပြေးဆွဲသည့် အမှတ်(၃၅) အဆန်နှင့် အမှတ်(၃၆) အစုန် အမြန်ရထား၊ ရန်ကုန်-နေပြည်တော် လမ်းပိုင်းပြေးဆွဲသည့် အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် အမြန်ရထား၊ ရန်ကုန် ပုဂHလမ်းပိုင်းပြေးဆွဲသည့် အမှတ်(၆၁)အဆန်နှင့် အမှတ်(၆၂) အစုန်အမြန် ရထားပြေးဆွဲမှုများ ရပ်နားထား မည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရန်ကုန်ဘူတာကြီး ရထားလက်မှတ် အရောင်းဌာန၌ပြည်သူများသိရှိရန် ထုတ်ပြန်ကြေညာထားသည်။

MOI Webportal Myanmar