ဆေးလိပ်သောက်ရင်းအိပ်ပျော်၊ နေအိမ်မီးလောင်

ပို့စ်တင်ချိန် - 4/01/2014 08:35:00 AM


ရန်ကုန်၊ မတ် ၃၁

၃၁.၃.၂၀၁၄ ရက်နေ့ ၁၄၄၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃၃)ရပ်ကွက်၊တကောင်းလမ်း၊ အိမ်အမှတ်-၈၆၇(က)နေ ကိုကျော်ကျော်၊ (၃၃)နှစ်၊ (ဘ)ဦးကိုကြီးသည် အရက်သေစာသောက်စား၍ ဆေးလိပ်
သောက်ပြီး အိပ်ပျော်သွားရာမှ ဆေးလိပ်မီးမှတစ်ဆင့် အိမ်အခင်းကြမ်းပျဉ်
သို့မီးစွဲပြီး နေအိမ်အားလောင်ကျွမ်းခဲ့ရာ ပတ်ဝန်းကျင်ရှိလူများနှင့် မီးသတ်
ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၄၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့
ပါသည်။

ယင်းကဲ့သို့ နေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်အတွက် မီးပေါ့ဆစွာ
အသုံးပြုသူ ကိုကိုကျော်အား ဒဂုံအရှေ့မြို့မရဲစခန်း(ပ)၁၅၉/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police