ဗင်နီဇွဲလား ရဲနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေမှုကြောင့် ၁ လတွင်း လူ ၄၀ နီးပါး သေဆုံး

ပို့စ်တင်ချိန် - 4/01/2014 01:06:00 PM


ဗင်နီဇွဲလားနိုင်ငံ ကာရာကက်မြို့မှာ ဆန္ဒပြသမားတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲအဖွဲ့တွေ ထိပ်တိုက် တွေ့နေကြတာပါ။

၁ လကျော်ကြာ ဆန္ဒပြပွဲအတွင်း ဒီလို ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ပြီး သေဆုံးသူ အယောက် ၄၀ နီးပါး ရှိနေပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့မှာလည်း ရဲအဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ မီးသတ်ရေပိုက်တွေကို သုံးပြီး လူစုခွဲတာကို ဆန္ဒပြသမားတွေကလည်း ကျောက်တုံးတွေနဲ့ တုံ့ပြန် ပစ်ပေါက်ခဲ့ကြပါတယ်။

အစိုးရကို ဆန့်ကျင့်တဲ့ ဆန္ဒပြသမားတွေရဲ့ တောင်းဆိုချက်က သမ္မတ မာဒူရို နုတ်ထွက် သွားဖို့ ဖြစ်ပါတယ်။

သမ္မတကလည်း ဆန္ဒပြပွဲတွေဟာ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရ ဖြုတ်ချရေး အကြံအစည် ဖြစ်တယ်လို့ ပြောပါတယ်။

အခု ဆန္ဒပြပွဲတွေဟာ ၂၀၀၂ ခုနှစ်က လက်ဝဲ၀ါဒီ ဆိုရှယ်လစ်ခေါင်းဆောင် ကွယ်လွန်သူ သမ္မတ ဟူဂိုချာဗက်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလောက် အင်အားမကောင်းတဲ့အတွက် အစိုးရကို ဖြုတ်ချနိုင်မယ့်ပုံတော့ မရှိပါဘူ။

သေဆုံးသူ ၃၉ ယောက်နဲ့ ဒဏ်ရာရသူ အယောက် ၅၅၀ လောက် ရှိသွားပြီလို့လည်း အစိုးရက ပြောပါတယ်။

တိုင်းပြည်ထဲမှာ ငွေကြေးဖောင်းပွမှု၊ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်မှုနဲ့ ရာဇ၀တ်မှုတွေ ထူပြောနေတာကို အကြောင်းပြုလို့ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

DVB Burmese