လင်မယားချင်း စကားများရန်ဖြစ်စဉ် ခင်ပွန်းမှ ဓါးနှင့်ထိုး၍ ဇနီးဖြစ်သူ သေဆုံး

ပို့စ်တင်ချိန် - 4/19/2014 09:15:00 PM


၁၉.၄.၂၀၁၄ ရက်နေ့ ၁၂၁၀ အချိန်တွင် တောင်ဥက္ကလာပမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်တွင် ဓါးထိုးမှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ အင်ကြင်းလမ်းနေ ဒေါ်စောကလျာ၊ (၃၆)နှစ်၊ (ဘ)ဦးရန်ဝေးမှာ
နေအိမ်နောက်ခန်းတွင် ၀ဲမျက်လုံးအထက်၊ ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ယာလက်ဖ၀ါးထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ရင်ညွန့် ထိုးသွင်းဒဏ်ရာ
(၁)ချက်၊ ၀ဲချိုင်းအောက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးနေ
သည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူဒေါ်စောကလျာသည် ခင်ပွန်းဖြစ်သူ
မောင်ချစ်၊ (၃၈)နှစ်၊ (ဘ)ဦးဘအေးမှာ ယခင်အိမ်ထောင်နှင့်ပြန်လည်
ဆက်သွယ်မှုပြုလုပ်သည့်ကိစ္စကို ပြောဆိုရာမှ လင်မယားစကားများ
ခဲ့ကြောင်း၊ ထိုသို့စကားများစဉ် မောင်ချစ်မှ အရှည်(၈)လက်မခန့်ရှိ ကတ်ကြေး ဖြင့်ထိုးခဲ့၍ ဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့်
မောင်ချစ်မှာ အခင်းဖြစ်ပွားပြီး ထွက်ပြေးတိမ်း ရှောင်သွားခဲ့ကြောင်း သိရှိရပါသည်။

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ မောင်ချစ်အား ၁၂၅၀ အချိန်
တွင် ရန်ကင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ရဲစခန်းအနီးတွင် မသင်္ကာဖွယ်
တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာမှ အဆိုပါလူသတ်မှုကို ၎င်းမှကျူးလွန်
ခဲ့ကြောင်းသိရှိရသဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ် ခဲ့ပါသည်။

ထိုသို့ပြစ်မှုကျူးလွန်သူ မောင်ချစ်အား တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police