ဦးဝင်းတင် ဒုတိယ အကြိမ် ကျောက်ကပ်ဆေး

ပို့စ်တင်ချိန် - 4/19/2014 09:11:00 PM

ဝါရင့် သတင်းစာဆရာနဲ့ နိုင်ငံရေး သမား ဦးဝင်းတင်

ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က သတင်းစာ ဆရာကြီး ဦးဝင်းတင် ဟာ ဒီကနေ့ နေ့ခင်းပိုင်း က ဒုတိယ အကြိမ် ကျောက်ကပ် ဆေးကြော ကုသမှု ခံယူ ခဲ့ပါတယ်။

ကျောက်ကပ် ဆေး နေစဉ် အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ဦးဝင်းတင်ကို ထပ်မံ လာရောက် ကြည့်ရှု အားပေး ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၂ ရက်နေ့ ကတည်းက ဆေးရုံတက် ကုသ ခဲ့ရတဲ့ ဦးဝင်းတင် ကျန်းမာရေး အတွက် ဆေးရုံ နံဘေးမှာ ဆုတောင်း ပေးနေသူ တွေ လည်း ရှိပါတယ်။

BBC Burmese