ညောင်လေးပင်မြို့၌ လူသတ်မှုဖြစ်ပွားပြီး ကျူးလွန်သူအား နာရီဝက်အတွင်း ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 4/19/2014 01:48:00 PM


ညောင်လေးပင် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ(၄)ရပ်ကွက် တိုးချဲ့(၂)လမ်းရှိ မျိုးထွေးနေအိမ်၌ ဧပြီ ၁၅ ရက်(သင်္ကြန် အကြတ်နေ့) ညနေ ၃ နာရီ၁၅ မိနစ်က လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ မြို့မရဲစခန်း၌ တာဝန်မှူး ဒုရဲအုပ်အောင်ကိုကို တာဝန် ထမ်းဆောငနေစဉ် ညောင်လေး ပင်မြို့ မြို့မ(၄)ရပ်ကွက် တိုးချဲ့(၂)လမ်းရှိ မျိုးထွေးအိမ်၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ စခန်းမှူး ဒုရဲမှူး သက်လွင်နှင့်အဖွဲ့ သွားရောက်စစ်ဆေးရာသေ ဆုံးသူမှာ ညောင်လေး ပင်မြို့မြို့မ(၄)ရပ်ကွက် တိုးချဲ့ (၃) လမ်းနေမြတ်နိုးအောင် (ခ)နိုးနိုး (၁၉)နှစ်ဖြစ်ပြီး ဓားဒဏ် ရာဖြင့် သေဆုံးနေကြောင်း သိရသည်။

သေဆုံးသူသည် အလုပ်လုပ်ရန်အတွက် အခင်းဖြစ်နေအိမ်သို့ လာရောက်ကာ အနားယူအိပ်စက်နေစဉ် ၎င်းနှင့် တစ်လမ်း တည်းနေ ကျော်ထွန်း(ခ)ပြည့်စုံ (၁၆)နှစ် ရောက်ရှိလာပြီးဟေ့ကောင် ထစမ်းပါဦး ဟုပြောဆိုကာ ပေါင်ကို ပုတ်၍ နှိုးလိုက်သဖြင့်၎င်းမှာ နိုးသွားပြီး ထထိုင်လိုက်စဉ်ကျော်ထွန်း(ခ)ပြည့်စုံက အသင့်ပါလာသော အရိုး အသွား ၁၁ လက်မခန့်ရှိဓားဦးချွန်ဖြင့် ရင်ညွန့်အား ထိုးသွင်းလိုက်ရာ ၎င်းဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ပင် သေဆုံး သွားခဲ့သည်။ လူသတ်မှု ကျူးလွန် သူ ကျော်ထွန်း (ခ)ပြည့်စုံမှာ တိမ်းရှောင်နေ၍ စခန်းမှူး ဒုရဲမှူး သက်လွင် နှင့် ရဲတပ် ဖွဲ့ဝင်များ၏ ကြိုးစားဆောင်ရွက် မှုကြောင့်နာရီဝက် အတွင်း ဖမ်းဆီးနိုင်ခဲ့ပြီးသက်သေခံ ဓားကိုပါ သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar