ဦးဝင်းတင် ကျောက်ကပ်တကြိမ်ဆေးပြီး အခြေအနေ (မိသားစုဆရာဝန် ဒေါက်တာမြင့်သိန်းနဲ့ မေးမြန်းချက်)

ပို့စ်တင်ချိန် - 4/19/2014 03:16:00 PM


ဧပြီလ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်တို့ ဦးဝင်တင်အား သွားရောက် အားပေးနေစဉ်(ဓာတ်ပုံ – ဇော်မျိုးအောင်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်ရဲ့ ကျောက်ကပ်ကို ဧပြီလ ၁၈ ရက်ည ပိုင်းမှာ ၂ နာရီကြာ ဆေးကြောခဲ့တာ အောင်မြင်ပြီး သူ့ရဲ့ ကျန်းမာရေးအခြေအနေ ကြည့်ပြီး ဒီနေ့ည တကြိမ် ထပ်ဆေးဖို့ ရှိတယ်လို့ မိသားစုဆရာဝန် ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

ဦးဝင်းတင်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို ဒေါက်တာမြင့်သိန်း ပြောပြထားတာ နားဆင်နိုင်ပါတယ်။


DVB Burmese