ဖမ်းဆီးခံ သံဃာငါးပါး၏ထောင်တွင်းအတွေ့အကြုံနှင့် သုံးသပ်မိန့်ကြားချက်များ

ပို့စ်တင်ချိန် - 6/24/2014 08:47:00 AM


" မဟာသန္တိသုခ ကျောင်းတော်ကြီးအတွင်းမှဖမ်းဆီး၍ လူဝတ်လဲကာ အင်းစိန် အကျဉ်းထောင်တွင်း ထိန်းသိမ်းထားသည့် အင်္ဂလန်ဆရာတော်ဦးဥတ္တရအပါအဝင် သံဃာ တော်ငါးပါးအား ဇွန် ၂ဝ ရက်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် သုံးထပ် ကျောင်းတိုက်တွင် သိက္ခာထပ်ပြီးသည့်အခါ ¤င်းတို့ကြုံတွေ့ခံစားခဲ့ရသည့် အတွေ့အကြုံ များကို ယင်းဆရာတော်များမှ ဖလားဝါးနယူးစ်ဂျာနယ်သို့ မိန့်ကြားခဲ့ပါသည်။"
--------------------------------------------------------------------------------
မဟာသန္တိသုခ ကျောင်းတော် ကြီးဆီ ရောက်ရှိနေသော ဆရာတော်ဦးသုန္န ရမှာ အင်္ဂလန်နိုင်ငံမှ ဆရာတော်ဦးဥတ္တရ ရောက်ရှိနေသဖြင့် မနက်ခင်းကတည်းက တည်းခိုနေထိုင်သော ကမ္ဘာအေးကုန်းမြေ မှ မဟာသန္တိသုခကျောင်းတော်ကြီးသို့ ရောက် ရှိနေခဲ့သည်။

ဆရာတော်နှင့် တရားအကြောင်း အရာများ နိုင်ငံခြားတွင် ဗုဒ္ဓဘာသာကျောင်း များ ဘယ်လောက်ထွန်းကားနေပြီ ဆိုသည် များကို နာခံ မှတ်သားနေခဲ့သည်။ နေ့ဆွမ်း စားပြီးချိန်လောက် ကျောင်းတိုက်အပြင်ဘက် တွင် လုံခြုံရေးရဲများ ရောက်နေသည်ကို တွေ့ ရှိသဖြင့် စိတ်ထဲတွင် ထူးခြားနေမှန်းသိနေ သည်။ မွန်းလွဲချိန် ရောက်သည့်အခါတွင် ကျောင်းတိုက်မှ သံဃာများ၏ ပြောပြချက် အရ ကျောင်းတိုက်မှ သံဃာများအား ဖယ် ရှားတော့မည်ဟု သိလိုက်ရသည်။ သိသိချင်း စိတ်အတော်ပင်လှုပ်ရှား သွားမိသည်။
အကယ်၍ ထိုအချိန်ကမ္ဘာအေး ကျောင်းတိုက်သို့ ပြန်သွားမည်ဆိုပါက ကျောင်း တိုက်တွင် ကျန်ရှိသည့်သံဃာများကို သစ္စာ မဲ့ရာ ကျပေမည်။ ဆရာတော်ဆုံးဖြတ်လိုက် ပါသည်။ ကျောင်းတွင် ကြုံတွေ့လာရမည့် ဖြစ်သမျှ ကျောင်းရှိသံဃာများနှင့် စုပေါင်း ဖြေရှင်းကြမည်ဟု ဆရာတော်ဦးသုန္နရ ဆုံး ဖြတ်ခဲ့သည်။

တနင်္သာရီတိုင်း သရက်ချောင်း မြို့ သရက်ချောင်းကျောင်းတိုက်တွင် သီတင်း သုံးသည့်ဆရာတော်ဖြစ်ပြီး နိုင်ငံတော် ပရိ ယတ္တိသာသနတက္ကသိုလ်မှာ ဗြ(ႊ့န်င်) ကျမ်းပြုစုထားသည့် ဆရာတော်တစ်ပါးလည်း ဖြစ်သည်။
''အဲဒီတုန်းက ဦးဇင်းတွေးနေ တယ်။ တစ်ခုခုတော့ ဖြစ်တော့မယ်။ ကောင်း တဲ့လက္ခဏာတော့ မဟုတ်ဘူးဆိုတာ ဦးဇင်း သိတယ်။ ညကျမှ သိလိုက်ရတာက နောက် ကျသွားပြီလေ။ ဦးဇင်းတို့ အမှန်တကယ် ကို ဘာမှ ပြင်ဆင်ချိန်မရလိုက်တာ ကြိုပြီး တော့သိရင် ဦးဇင်းတို့ဆင်းမှာပါ။ အားလုံး ကလဲ ဘာမှပြင်ဆင်ချိန်မရဘူး။ နောက် တော့ ဖမ်းသွားတာပဲပေါ့''ဟု ဆရာတော် က ပြောပြသည်။

ကျောင်းတိုက်နှင့် သံဃာတော် များ မည်သို့ ပတ်သက်ပုံကိုလည်း ယခုလို ဆရာတော်က ဆက်လက်မိန့်ကြားသည်။
''ဒီကျောင်းတိုက်က ဆရာတော် တွေဆိုတာကလဲ ပီနန်ဆရာတော်ကြီးနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး။ ဒါပေမဲ့ ပီနန် ဆရာတော်ကြီးနဲ့ နိုင်ငံခြားမှာ တပည့်တော် ခဲ့ရင်တော်မယ်။ ဒီလိုပတ်သက်မှုပဲ ရှိတဲ့အ တွက် ဘာမှ ဦးဇင်းတို့က မသိဘူး''ဟု မိန့် ကြားသည်။
ယခုလို အာမခံဖြင့် လွတ်မြောက် ခဲ့ပြီးနောက် ဆရာတော်၏ ခံစားချက်များ ကိုလည်း ယခုလို ဆက်လက်မိန့်ကြားသည်။

''မြန်မာတစ်မျိုးသားလုံးပဲ အမျိုး ဘာသာ သာသနာအရေးမှာ နောက်မကျ ဘဲနဲ့ အားပေးကာကွယ်တဲ့အတွက်ကြောင့် အခုလို ပြန်လည်လွတ်ခွင့်ရတာပါ။ အရင် တုန်းကဆိုရင်တော့ အဲဒီလောက်မသိခဲ့ဘူး။ အပြင်နဲ့ ဦးဇင်းတို့က အဆက်ပြတ်နေတာ ၁ဝ ရက်လောက်ရှိပြီလေ။ အပြင်ကိုရောက် လာတော့ ဦးဇင်း မျက်ရည်လည်တယ်။ မျက် ရည်ပါ ကျတယ်။ ကိုယ့်ဟာကို ဝမ်းနည်း တာလဲ ပါတယ်။ ဒါပေမဲ့ ဦးဇင်းက အငြိုးအ တေးမထားပါဘူး။ ဦးဇင်းတို့ ကိုယ်၌ကဖြစ် ချိန်တန်လို့ ဖြစ်တယ်ပဲ''ဟု မှတ်တော်မူ ကြောင်း မိန့်ကြားသည်။

ဆရာတော်သည် ကျမ်းပြုစုပြီး နောက် တောင်တန်းသာသနာပြုရန် စောင့် ဆိုင်းနေစဉ်ကာလအတွင်း ယခုကဲ့သို့ ဖြစ် ပွားခဲ့ရခြင်းဖြစ်သည်။
''အဲဒီမှာဦးဇင်းတို့ စာသင်သား သံဃာတွေဆိုတာကလဲ ကျောင်းမှာ မမြဲ ဘူး။ အဲဒီနေ့က လန်ဒန်က လက်ထောက် ဆရာတော်ဦးဥတ္တရက မဟာသန္တိသုခ ကျောင်းကို ရောက်နေတယ်ဆိုတာ ဦးဇင်း တို့သိရတော့ နိုင်ငံခြားပြန်ဆိုရင် ဒီမှာက ဦးဇင်းတို့လဲ ဖူးချင်တာပေါ့။ တွေ့ချင်တာ နဲ့ အဲဒီနေ့က သွားတာပါ။ အဲဒီနေ့မနက် ခင်းကတည်းက ရောက်နေတာ။ အဲဒီနေ့က ဝင်စီးတော့ စိတ်လဲလှုပ်ရှားတယ်။ ဝမ်းလဲ နည်းတယ်။ ဦးဇင်းတို့ဘဝမှာ ၁၃နှစ်သား ကိုယ်ရင်ဝတ်ပြီးကတည်းက တစ်ခါမှ ဒီလို မကြုံဖူးဘူး။ အဲဒီလိုမျိုးဖြစ်တော့ ဝမ်းနည်း တယ်။ ဘယ်သူ့အပေါ်မှတော့ အငြှိးအတေး မထားပါဘူး''။
ဆရာတော်မှာ ဖမ်းဆီးအကျဉ်း ကျခံရချိန် ကြုံတွေ့ရသည်များကိုလည်း ယခုကဲ့သို့ မိန့်ကြားခဲ့ပြန်သည်။

''ဦးဇင်း ထောင်ထဲမှာ နေတုန်း ကလဲ အဲဒီလိုမျိုးပဲ၊ အထူးသဖြင့် ထောင် ဝန်ထမ်းတွေကို ချီးမွမ်းချင်တယ်။ မိသားစု လိုပဲ ဦးဇင်းတို့ကို လိုလေသေးမရှိအောင် ထားကြပါတယ်။ ပြုစုကြပါတယ်။ အဲဒီကျေး ဇူးတွေကိုလဲ ဦးဇင်းမမေ့ပါဘူး။ အစကမ သိဘူးလေ တအားကြီးလဲ ကြောက်လန့်နေ တာပေါ့။ ဒါပေမဲ့ ထောင်ဝန်ထမ်းတွေက ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်'' ဟု မိန့်ကြားသည်။

ဆရာတော်ဦးသုန္နရကဲ့သို့ ဖမ်း ဆီးခံရသည့် ဆရာတော်များထဲတွင် တစ် ပါးအပါအဝင်ဖြစ်သည့် ဆရာတော်ဦးနန္နိ ယမှာ ပီနန်ဆရာတော်ကြီး မဟာသန္တိသုခ ကျောင်းတော်ကြီးသို့ရောက်ရှိလျှင် သီတင်း သုံးသည့်အခန်းတွင် သီတင်းသုံးပြီး ပီနန် ဆရာတော်ကြီး၏ ဝေယျာဝစ္စများကို အလုပ် အြေ<ွကးပြုရသော အနီးနေ သံဃာတော်တစ် ပါးဖြစ်သည်။
ဆရာတော်က အဆိုပါအဖြစ် အပျက်အား ကြုံတွေ့ခဲ့ရပုံများနှင့် အင်းစိန် ထောင်အတွင်း တွေ့ကြုံခဲ့သည်များကို ယခု ကဲ့သို့ မိန့်ကြားခဲ့သည်။
''ရောက်ရောက်ချင်း ရွှေတိဂုံဘု ရား အရှေ့ဘက်မုဒ်ကနေပြီးတော့ နေ့ခင်း ၁၂ နာရီလောက်ကနေ သင်္ကန်းတွေချွတ် ပြီး တရားရုံးကို သွားရမယ်လို့ပြောတယ်။ တရားရုံးက ဦးဇင်းတို့ကို ဘာပြောသလဲဆို တော့ ဒကာကြီးဦးစိန်မောင်က ဦးဇင်းတို့ ငါးပါးကို တရားစွဲထားတယ်လို့ ပြောတယ်။ အဲဒီလိုလဲပြောပြီးရော ဘုန်းကြီးတို့ကို အင်း စိန်ကို ပို့တယ်။ ပို့ပြီးတော့ အင်းစိန်မှာ အ ခန်းလေးတွေနဲ့ တစ်ပါးကိုတစ်ခန်း၊ တစ် ပါးကို တစ်ခန်းနဲ့ ထားတယ်။ အခန်းက ငါး ပေပတ်ချာလည်လောက်တော့ ရှိမယ်။ အိပ် တော့လဲ အဲဒီမှာပဲ အိပ်၊ ကျင်ကြီးကျင်ငယ် ကိုလဲ အဲဒီမှာပဲ စွန့်ပေါ့၊ အခန်းထဲမှာပဲ အ ညစ်အကြေးစွန့်ဖို့ ထားပေးထားပါတယ်။ ကျိန်းတော့ စောင်ပဲခင်းရတာပေါ့။ ခေါင်း အုံးက အုံးလို့ မရဘူးလို့ပြောတယ်။ အဲဒီမှာ ဦးဇင်းတို့အပေါ်ကိုတော့ ဝန်ထမ်းတွေက ကောင်းပါတယ်။ အဲဒီထဲမှာတော့ ကုဋီတွေ ဘာတွေတော့ မရှိဘူးပေါ့။ ဒါပေမဲ့အဆင် ပြေပါတယ်။ တစ်နေ့ကို မနက် ၇ နာရီက နေ ၈ နာရီ တစ်ကြိမ်၊ ညနေကျတော့ တစ် ကြိမ် အပြင်ထွက်ရတယ်။ အဲဒီ့ဝင်းထဲမှာပဲ ခြေလက်ဆေး၊ မျက်နှာသစ်၊ အာရုံဆွမ်း ဘုန်းပေးပြီး ပြန်ဝင်ရတယ်။ ၁၁ နာရီလောက် ကျတော့ ပြန်ထွက်၊ နေ့ဆွမ်စားဖို့ ပြန်ထွက် ပြီးတော့ ပြန်ဝင်ပေါ့။ ၁၂ မတ်တင်းလောက် ကျတော့ပြန်ဝင်၊ ဝန်ထမ်းတွေလဲပြန်သွား။ ဦးဇင်းတို့ကို ကူညီပေးဖို့ ထောင်သား နှစ် ယောက်နဲ့ စစ်သား တစ်ယောက်ကို ထား ပေးတယ်။ သူတို့က ဦးဇင်းတို့ ဝေယျာဝစ္စ လုပ်ပေးပေါ့။ လောလောဆယ်တော့ ဇွဲက ပင်ဆရာတော်ကြီးဆီမှာပဲ သီတင်းသုံးမှာ ပါ''ဟု မိန့်ကြားသည်။

နိုင်ငံတော်သံဃမဟာနာယက တက္ကသိုလ်တွင် ကယားပြည်နယ်အဆောင် မှူးအဖြစ်

တာဝန်ယူကာ ကမ္ဘာအေးကုန်းမြေရှိ သံဃာ့တက္က သိုလ်ဝင်းအတွင်း နေထိုင်သည့် ဆရာတော်ဦးတေ ဇိန္နသည်လည်း ဖမ်းဆီးခံရသည့်အထဲတွင်တစ်ပါး ပါဝင်သည်။ ဆရာတော်သည် ယင်း၏မိတ်ဆွေဖြစ် သူ ဦးပညာစာရနှင့် မဟာသန္တိသုခကျောင်းကြီးသို့ လိုက်ပါလာစဉ်အတွင်း ဖြစ်ပျက်ခဲ့ပုံများကို ယခု ကဲ့သို့ မိန့်ကြားခဲ့သည်။
''ခဏတစ်ဖြုတ် အလည်လာရင်းနဲ့ ပြန် ထွက်မရ ဖြစ်သွားတာ။ ဦးဇင်းက တက္ကသိုလ်မှာ နှစ်နာရီ စာချတယ်။ စာချပြီးတော့ သူငယ်ချင်း တစ်ပါး ဈာပနအတွက် ယပ်တောင်ကို စလင်း ကွင်းနားက ထားဝယ်ကားဂိတ်မှာ သွားပို့ကြတယ်။ အဲဒီမှာ ဆရာတော်ဦးပညာစာရက ကျောင်းခဏ လိုက်ခဲ့။ ကျောင်းမှာ စာချဖို့ကိစ္စ ပြောစရာရှိတယ် ဆိုတာနဲ့လိုက်လာတာ။ ဘုန်းဘုန်းတို့ကလဲ ကျောင်း စာနဲ့ ကိုယ့်အာရုံနဲ့ကိုယ် လောနေတာဆိုတော့ အပြင်မှာ ဘာဖြစ်မှန်းမသိဘူး။ ပြီးတော့ အပြင် မှာ ရဲတွေလဲလာတယ်။ လုံထိန်းတွေလဲလာတယ် ဆိုတော့ အပြင်ထွက်လို့မရဘူး။ နောက်ပြီး သူ ငယ်ချင်းကလဲရှိတော့ မထွက်ဘဲနဲ့ နေလိုက်တာ ညနေလဲရောက်ရော ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပြန် ထွက်မရဖြစ်ကာ နောက်ဆုံးအဖမ်းခံလိုက်ရတာ ပဲ''ဟု မိန့်တော်မူသည်။

ထောင်တွင်းအတွေ့အကြုံများကိုလည်း ဆရာတော်က ယခုကဲ့သို့ မိန့်ကြားသည်။
''အင်းစိန်ထောင်ရောက်တော့လဲ သူ တို့ စည်းကမ်းအတိုင်းပဲပေါ့။ အရမ်းကြီးလဲမတင်း ကျပ်သလို အရမ်းကြီးလဲ လွှတ်မထားဘူး။ ဘယ် သူနဲ့မှတော့ တွေ့ခွင့်မရဘူး။ တိုက်ပုံစံက ၁ဝခန်း တွဲနှစ်ဆောင်မှာ နေရတာ ကျယ်ဝန်းပါတယ်။ ဘုန်းဘုန်းလမ်းလျှောက်ချိန် လမ်းလျှောက်ကြည့် တဲ့အခါ လူသွားစင်္ကြန်က ဘုန်းဘုန်းခြေလှမ်းနဲ့ ၁ဝ၈ လှမ်းလောက်ရှိတယ်။ နေရတဲ့ အဆောင်က တော့ ၁၂လှမ်းလောက်ရှိတယ်။ ကွပ်ပျစ်ပေါ်မှာ အိပ်တယ်။ ဆွမ်းစားပြီးရင်ပရိတ်ရွတ်မယ်။ ပဋ္ဌာန်း ရွတ်မယ်။ ဒါပဲ ဘုန်းဘုန်းလုပ်တယ်။ ဘုန်းဘုန်း အတွက်ကတော့ ဘာမှမဖြစ်ဘူး။ ကိုယ့်ကံကြောင့် ဖြစ်တာလေ။ ရှင်မောဂ္ဂလန်တောင်မှ ဖြစ်ခဲ့သေး တာပဲ။ ဘုန်းဘုန်းအနေနဲ့ အတိတ်ကံမကောင်း လို့ ခံရတယ်ပဲ သဘောထားပါတယ်။ ဘုန်းဘုန်း တို့ငါးပါးကို သီးသန့်ထားတယ်။ တစ်ခန်းစီပေါ့။ အဲဒီကအကျဉ်းသားတွေက ဘုန်းကြီးတွေနဲ့လဲ မတွေ့တာကြာနေကြတော့ ဘုန်းကြီးတွေမှန်းလဲ သိတော့ သူတို့ရဲ့ငပိကြော်လေးတွေ လက်ဖက်သုပ် လေးတွေ လာကပ်ကြတာပေါ့။ ဘုန်းဘုန်းတို့က လဲ အဲဒီအတွက်ကျေးဇူးမမေ့ပါဘူး။ ဒီလိုဖြစ်တာ ကလဲ အတိတ်ကကံကြောင့်ပါပဲ''

ဆရာတော်ဦးဥတ္တရ (အင်္ဂလန်ဆရာ တော်)သည် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သည့်အပေါ် သဘောထားအား အာမခံဖြင့်လွတ် မြောက်ခဲ့သည့် ဇွန် ၂ဝရက်တွင် ဇွဲကပင်ကျောင်း တိုက်၌ သတင်းမီဒီယာများအား ယခုကဲ့သို့မိန့် ကြားခဲ့သည်။
''ဘုန်းကြီးတို့ အခုလို ထောင်ကျတာ၊ တရားစွဲခံရတာတွေဟာ ဘုန်းကြီးတို့ ကိုယ်တိုင်တင် မဟုတ်ဘူး တခြားဘယ်ပုဂ္ဂိုလ်ကိုမှ မဖြစ်စေချင် ဘူး။ အဲဒီတော့ တရားမျှတတဲ့ဘက်ကနေ မှန်မှန် ကန်ကန်နဲ့တရားစီရင်တဲ့ကဏ္ဍတွေမှာ အားလုံးက ဝိုင်းဝန်းကူညီတယ်ဆိုတာ တိုင်းပြည်ရဲ့သာသနာ အတွက် ကူညီရာရောက်ပါတယ်။ နောက်ဘယ် နေရာပဲဖြစ်ဖြစ် သူဖြစ်ရင် ကိုယ်လဲဖြစ်နိုင်တာပဲ ဆိုတဲ့ အသိတရားလေးရှိဖို့ အားလုံးကသဘော ပိုက်တားကြပါ။ အခုဘုန်းကြီးတို့ တရားရင်ဆိုင် ကြရဦးမယ်။

အခုကအာမခံနဲ့လွှတ်တာဆိုတော့ ၂၇ရက်မှာ တရားရင်ဆိုင်ရဦးမယ်။ ဒါကိုဘုန်းကြီး တို့ လုံးဝမကြောက်ပါဘူး။ ဒါပေမဲ့ မဟုတ်တမ်းတ ရား မမှန်မကန်စွပ်စွဲတာတွေကိုတော့ ဘုန်းကြီးတို့ လုံးဝမခံဘူး။ ဘယ်ပုဂ္ဂိုလ်မျိုးမဆို ကိုယ်မှားရင်မှား တယ်ဆိုတာ ကြီးကြီးငယ်ငယ်ဝန်ခံရဲရမယ်။ ဘုန်း ကြီးတို့က မှန်ကန်တဲ့အတွက် မကြောက်ပါဘူး။ နိုင်ငံတော်သံဃမဟာနာယက ဖြစ်ပေါ်လာတယ် ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေပါပဲ။ ဒီ လွှတ်တော်နဲ့တူတဲ့ သံဃမဟာနာယကဟာ သံ ဃာတော်တွေကို တရားစီရင်ရေးမှာ မျှတတယ် မမျှတဘူးဆိုတာ ဝိုင်းဝန်းပြီးတော့ စဉ်းစားÓဏ် နဲ့ ပြုပြင်နိုင်ကြပါစေလို့လဲ ဘုန်းကြီး ပန်ကြား လျှောက်ထားလိုပါတယ်''။
အင်္ဂလန်ကျောင်းဆရာတော် ဦးဥတ္တရ က ထောင်တွင်းအတွေ့အကြုံအား အောက်ပါအ တိုင်း မိန့်ကြားခဲ့သည်။

''တကယ့်အရေးကြီးတဲ့ အချုပ်တွေ ဘာတွေ ထားတဲ့နေရာမှာထားတာပါ။ ဒီတိုင်းပါ ပဲ အဆင်ပြေပါတယ်။ အိပ်တာတော့ ကွပ်ပျစ်ပေါ် မှာအိပ်ရပါတယ်။ ထားတဲ့အခန်းတွေက သန့်ရှင်း ပါတယ်။ တစ်ခုပါပဲ လေဟာပြင်ဆိုတော့ ခြင်ကိုက် တာပေါ့။ ဒါပါပဲ။ ကျန်တာတော့ဘာမှမရှိပါဘူး''။
ဆရာတော်သည် လက်ရှိတွင် မဟာ သန္တိသုခကျောင်းတော်ကြီး မည်သူပိုင်ဆိုင်သည် ကို မပြောနိုင်သေးကြောင်း၊ လက်ရှိအာမခံရရှိထား ချိန်တွင် ဇွဲကပင်ဆရာတော်ကြီး၏ သုံးထပ်ကျောင်း တိုက်သို့ြ<ွကရောက် သီတင်းသုံးနေထိုင်မည်ဖြစ်ပြီး အမှုကိစ္စပြီးပြတ်မှသာ အင်္ဂလန်နိုင်ငံသို့ ပြန်ြ<ွကမည် ဟုလည်း သိရသည်။
ဇွန် ၂ဝ ရက်တွင် ဖမ်းဆီးခံသံဃာတော် များ ပြန်လည်၍အာမခံဖြင့် လွတ်မြောက်လာပြီး နောက် တူညီသောစကားတစ်ခွန်းကို မိန့်ကြားခဲ့ ကြသည်။ ထိုစကားမှာ ''ဘုန်းဘုန်းတို့ဘယ်သူ့မှ အပြစ်မတင်ပါဘူး။ ဘယ်သူ့အပေါ်မှာမှလဲ အာ ဃာတတွေ၊ အငြှိုးတရားတွေ မထားပါဘူး''ဟူ၍ ပင်ဖြစ်သည်။

Yangon Media Group by