ဦးဆန်းဆင့်အား အရေးယူမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ သတင်းထုတ်ပြန်ရေး အဖွဲ့များ ဖွဲ့စည်းထား ထိုက်သင့်သော အချိန်တွင် သတင်း ထုတ်ပြန်ပေးမည်ဟု ပြည်ထဲရေးဒုဝန်ကြီးပြော

ပို့စ်တင်ချိန် - 6/24/2014 11:17:00 AM


ပြည်ထဲရေးဒုတိယ  ရဲမှူး ချုပ်ကျော်ကျော်ထွန်း ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းနေစဉ်။ ဓာတ်ပုံ – MNA

သာသနာ ရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်အ မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသ တင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့ စည်းထားပြီး၊ ထိုက်သင့် သော အချိန် တွင် သတင်းထုတ်ပြန်ပေးသွား မည်  ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာ န ဒုတိယဝန်ကြီးရဲမှူးချုပ်ကျော် ကျော်ထွန်းမှ ပြောသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ် တော်ဒသမပုံမှန်အစည်းအဝေး(၁၇) ရက်မြောက်နေ့အစီအစဉ်ခေတ္တနား ချိန်တွင် သတင်းထောက် များမေးမြန်း ရာ ယင်းသို့ ပြော ကြား ခဲ့ခြင်းဖြစ် သည်။  ဒုတိယဝန်ကြီးမှ ”ဦးဆန်းဆင့်  ကိစ္စနဲ့ပတ်သက် လို့ကတော့ လော လောဆယ်ဘာကိစ္စနဲ့မှ ထုတ်ဖော် ပြောကြားလို့မ ရသေး ပါဘူး” ဟု သတင်း ထောက်များအား ပြောကြား ခဲ့သည်။

ဆက်လက်ပြီး သတင်းထောက် များမှ ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်သို့ ဆက်လက်အရေးယူ သွားမည်၊ မည်သို့ဆောင်ရွက် သွားရန် အစီအ စဉ်ရှိသည်ကို မေးမြန်ခဲ့ ရာ တွင်လည်း ဒုတိယဝန်ကြီးမှ မိမိအနေဖြင့် ယခု အချိန်တွင် ထုတ်ဖော်ပြောကြားခွင့် မရှိသေးကြောင်း ပြောကြားသွားသ ဖြင့် သတင်းထောက်မှ မည်သည့် အ ချိန် အခါတွင် ထုတ်ဖော်ပြောကြား ရန်ရှိသလဲ ဟုမေးမြန်ရာ ”ဦးဆန်းဆင့် နှင့်ပတ်သက်ပြီး သက်ဆိုင်ရာသတင်း ထုတ်ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းတာ ရှိပါတယ်၊ သူတို့ ထိုက် သင့်တဲ့ အချိန် ရောက်ရင် ထုတ်ပြန်မှာပါ၊ ဦးရဲထွဋ် တို့လဲ ပါပါတယ်၊ ရဲချုပ်တို့လဲ ပါပါ တယ်၊ သူတို့ဖွဲစည်းထားတဲ့ အဖွဲ့အ စည်းရှိပါတယ်၊ သူတို့ အချိန်တန် ရင် ထုတ်ပြန် ပေးမှာပါ၊ ဟိုတစ်နေ့က လဲ ဦးရဲထွဋ်လဲ ဖြေသင့် သလောက် တော့ ဖြေပြီးပြီ ပဲ”ဟု ပြောကြားခဲ့ သည်။

M P
[--Democracy today Daily Newspaper--]