တက်တူးမထိုးကြသူ လူငယ်အနုပညာရှင်တို့ ခေတ်အတွေး၊ ခေတ်အမြင်

ပို့စ်တင်ချိန် - 6/03/2014 05:26:00 PM


ခေတ်လူငယ်တွေထဲက ခေတ်ရေစီးကြောင်းထဲ စီးမျောလိုက်ပါရင်း လှလိုချင်စိတ်နဲ့ မိမိခန္ဓာကိုယ်အရေပြားပေါ်မှာ တက်တူးထိုးကြတဲ့ လူငယ်တွေရှိသလို တက်တူးရေး ထိုးခြင်း မပြုကြသူတွေလည်း ရှိကြပါတယ်။ အဲဒီလိုတက်တူးမထိုးကြသူတွေဟာ မကြိုက်နှစ်သက်လို့ မထိုးတဲ့ လူတွေ ရှိသလို ကြိုက်နှစ်သက်ပြီးမထိုးဖြစ်တဲ့ လူငယ်တွေလည်း ရှိနေကြပါတယ်။ ဒါကြောင့် တက်တူးမထိုးခြင်း၊ ထိုးခြင်းအပေါ် မှာကြိုက်ခြင်း၊ မကြိုက်ခြင်းခေတ် အတွေး၊ ခေတ် အမြင်များ ကို ခေတ်လူငယ်အနုပညာရှင်တို့ အားမေးမြန်းစုစည်း ဖော်ပြလိုက်ပါတယ်။

► အောင်ရဲလင်း

ကျွန်တော်ကတော့ တက်တူးကို ကြိုက်တယ်။ ဒါပေမဲ့ မထိုးဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တက်တူးက ပုံမှန်အနေအထားနဲ့ဆို မိုက်တယ်။ ကျွန်တော်တို့ သရုပ်ဆောင် တွေအနေနဲ့ကျတော့ တက်တူးက ထိုးပြီးသွားရင် ပြန်ဖျက်လို့မရတော့တဲ့အတွက်ကြောင့် တချို့ကာရိုက် တာတွေ ပြောင်းရတဲ့အခါကျတော့ ပြဿနာနည်းနည်း ရှိတယ်။ မမြင်တဲ့ နေရာမှာလည်း မထိုးချင်ဘူး။ တက်တူးက ပေါ်မှလည်းလှတာလေ။ ကျွန်တော်ကတော့ ကြိုက်တယ်။ အပြင်လူတစ်ယောက်ဆိုရင်တော့ ကျွန်တော် ထိုးဖြစ်ချင်ထိုးဖြစ်မယ်။ လက်ဖျံတွေမှာ ထိုးတာကို ပိုပြီးသဘောကျတယ်။ မိုက်တယ်။ နိုင်ငံခြားမင်းသားတွေကျတော့ ကြည့်ကောင်းတယ်။ သူတို့က အက်ရှင်တွေ ရိုက် တာများတော့ ကြည့် ကောင်းတယ်။

ကျွန်တော်တို့ကကျတော့ အစုံရိုက်ရတော့ ထိုးဖို့ဆိုတာ မဖြစ်ဘူး။ တချို့ဇာတ်ကားလေးတွေမှာတော့ ကာရိုက်တာ အရ လက်ဖျံမှာ တက်တူး
ဆွဲပြီး ရိုက်တာမျိုးတွေတော့ရှိတယ်။ အခုနောက်ပိုင်းတော့ တက်တူးတွေကြည့်ပြီး ကြိုက်ပါတယ်”

ချစ်သုဝေ

ဘယ်အကြောင်းအရာတစ်ခုမှာမှ မှားတယ်၊ မှန်တယ်မရှိဘူး။ ကိုယ့်ဘက်က မှန်တယ်မြင်တဲ့ဟာရယ်၊ သူ့ဘက်က မှန်တယ်မြင်တဲ့ဟာရယ်။ တကယ်မှန်နေတဲ့အမှန် တ ရားက တြိဂံတုံးလိုပဲ။ ရှုထောင့် ၃ ခုရှိတယ်။ မိန်းကလေးတစ်ယောက် တက်တူးထိုးခြင်းက မသင့်လျော်ဘူး၊ မှားတယ်လို့ပြောလို့မရဘူး။ သင့်တော်တယ်၊ မှန်တယ်လို့ လည်း
ပြောလို့မရဘူး။ အရေးကြီးတာက လူက ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်ရွေးချယ်မှုအပေါ်မှာ ကိုယ် တာဝန်ယူမှုအပြည့်အဝရှိဖို့ပဲ အရေးကြီးတယ်။ ဖြစ်ပေါ်လာတဲ့ အကျိုး ဆက်အားလုံး ကို နောင်တမရဘဲ နောင်တကင်း ကင်းနဲ့ ရှင်သန်နိုင်ဖို့
အရေးကြီးပါတယ်”

အေးဝတ်ရည်သောင်း

” ပေါက်စီက တက်တူးတော့ မထိုးဖြစ်ဘူး။ အငယ်မလေးဆို ထိုးတယ်။ ကိုယ်တိုင်ကျတော့ သတ္တိမရှိဘူး။ ကြောက်တယ် ထိုးရမှာကို။ သူများထိုးတာကိုကြည့်ပြီးတော့ ကြိုက်တယ်။ ကိုယ်တိုင်ထိုးဖို့က ပေါက်စီက စိတ်ကပြောင်းလဲတတ်တဲ့သူဆိုတော့ တက်တူးကထိုးပြီးဖျက်လို့လည်းမရတော့ မထိုးဖြစ်ဘူး။ တက်တူးက ဖက်ရှင်ဖြစ်လာ တယ်ပဲ ပြောပြော ကောင်းပါတယ်။ တအားကြီးများရင်တော့ ကြည့်မကောင်းဘူးလို့ထင်တယ်။ ဒါကလည်း ဂျန်နရေးရှင်းကပဲဖြစ်မှာပါ။ ဒါကလည်း ငယ်တဲ့သူတွေနဲ့ ကိုယ် နဲ့ ကျတော့ အမြင်မတူတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကိုယ့်အတွက် ဘာမှမ ထိခိုက်ဘူးဆိုရင်တော့ ကောင်းပါတယ်။ ပြဿနာမရှိပါဘူး။
ကိုယ့်ကိုယ်ပေါ် မှာထိုးတာ ဆိုေ တာ့ ကောင်းပါတယ်”

သံသာဝင်း

” အရင်တုန်းကဆိုရင်တော့ တက်တူးထိုးတဲ့သူက ရှားတယ်။ ထိုးပြီးရင်လည်း ပြန်ဖျက်လို့မရဘူးလေ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ကိုယ့်သူငယ်ချင်းတွေထဲမှာကို တက်တူးထိုးနေကြတာအများကြီးပဲ။ တချို့ကလည်း ကိုယ့်ခံစားချက်တွေကို စာတွေနဲ့ခန္ဓာကိုယ်ပေါ်မှာ
ထွင်းထားတဲ့ သဘောပေါ့။ တက်တူးထိုးတာ က ခေတ်ရေ စီးကြောင်းအရလို့လည်း ပြောလို့ရသလို၊ ကိုယ့်ဝါသနာအရလို့လည်း ပြောလို့ရပါတယ်။

အစ်မအနေနဲ့ကျတော့ ဒါကို လက်ခံလို့ မရဘူး။ ဒါပေမဲ့ သိပ်ပြီး ဝေဖန်လို့တော့ မရ ဘူး။ ပြီးတော့ ခေတ်ရဲ့ပြောင်းလဲလာမှုလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ အစ်မကြားဖူးတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ တက်ထူးထိုးရင် အပ်တွေ ကနေ ရော ဂါပိုးကူးစက်တာ တွေကြားဖူးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ စိတ်ချရအောင် လုပ်ဆောင်ကြ တယ်လို့တော့ကြားတယ်။ အရင်တုန်းကဆိုရင် တက်တူး ထိုးဖို့ကို တစ် ဘဝလုံးစာ စဉ်းစားရတယ်။ အခုကျတော့ သွားရင်းလာရင်းနဲ့ကို ဝင်ထိုးတာမျိုးကို တွေ့ဖူးတယ်။ ဒါကလည်း နည်းပညာ အ ရရော၊ ခေတ်အရရောဖြစ်တဲ့အတွက် အစ်မ အနေနဲ့အ
များကြီးတော့ မဝေဖန်တတ်ဘူး”

နေတိုး

တက်တူးထိုးတာကို သဘောကျတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဒါပေမဲ့ ကိုယ်တိုင်ထိုးဖို့ကျတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့က မလွယ်ဘူးလေ။ ဇာတ်ကား ရိုက် တဲ့အခါ ကာရိုက်တာအရ တချို့ဇာတ်ဝင်ခန်းတွေကျတော့ တက်တူးနဲ့ဆိုတော့ အဆင်မပြေတာတွေ ရှိတယ်လေ။ ဇာတ်ဝင်ခန်းအရ လိုအပ်ရင် တက်တူး ဆွဲလိုက် တာ လုပ်လို့လည်းရနေတော့ လေ။ ထိုးလိုက်တော့ ပြန်ဖျက်ဖို့ကျ မလွယ်ဘူး။ “စေတန်ရဲ့ကချေသည်” ဇာတ်ကားဆိုလည်း ကျွန်တော်ဆွဲထားတယ်။ တချို့ကျတော့ တကယ့် အစစ်လို့တောင် ထင်ရတယ်။ တက်တူးထိုးထားတဲ့သူတွေဆို တချို့က လူမိုက်လိုလိုလို့ ထင်ကြတယ်။ ဒါအပြင်ပန်း ကြည့်ရုံနဲ့သူ့စိတ်ကို သိ နိုင်တာမှမဟုတ်တာ”

အေးမြတ်သူ

” လူတိုင်း ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲလေ။ တက်တူးကြိုက်တဲ့သူတွေပြော တာတော့ သေရင် ဒါပဲကိုယ့်နောက် ပါတာပေါ့တဲ့။ လူတိုင်းက ကိုယ့်စိတ်နဲ့ ကိုယ်လုပ်ကြတာ ပဲပေါ့။ ကိုယ်တွေကတော့ တက်တူးမရှိတဲ့သူဆိုတော့ သိပ်မသိဘူး။ တချို့က ပြောတော့ တက်တူးက စွဲတယ်၊ ထိုးစရှိရင် ထိုးချင်တယ်တဲ့။ အေးမြတ်သူက အသား နာ မှာ ကြောက်တယ်။ ကြိုက်တော့ကြိုက်တယ်။ တအားကြီး ခရေဇီတော့မဖြစ်ဘူး။ အိမ်က အစ်ကိုမှာလည်း တက်တူးတွေထိုးထားတာ ရှိတယ်။

ကြည့်လိုက်ရင်တော့ ကြည့်လို့ ကောင်းတယ်။ ကိုယ်တိုင် ထိုးဖို့ဆိုရင်တော့ တအားကြီးစိတ်ဝင်စားမှုမရှိဘူး။ ကောင်းသည်၊ ဆိုးသည်တော့ မဝေဖန်ချင်ဘူး။ အစ်မ တစ်ယောက်ဆိုရင် လိပ်ပြာပုံလေးထိုးထားတယ်။ လိပ်ပြာပုံ မကြိုက်ဘူးဆိုပြီး ဖျက်တော့ ပန်းပွင့်ဖြစ်သွားတယ်။ပိုကြီးသွားတယ်။
အဲဒီတော့ တစ်ခုသတိ ထားမိသွားတယ်။ တက်တူးကဖျက်လေကြီးလေပဲ”

ခင်လပြည့်ဇော်

” တက်တူးက အခုခေတ်မှာ ရေပန်းစားလာတယ်ဆိုတာ ဘာ ပဲပြောပြောကြိုက်တဲ့သူများလာလို့ လက်ခံလို့ ရေပန်းစားလာတာပါ။ လူတိုင်းကတော့ ကိုယ် ကြိုက်တာကို ကြိုက်သလိုလုပ်ပိုင်ခွင့်ရှိတယ်။ တက်တူးထိုးတဲ့အပေါ်မှာတော့ ဘာမှမဝေဖန်ပါဘူး။ ဒါပေမဲ့လပြည့် အနေနဲ့ ဆိုရင်တော့ တက်တူးထိုးတာကို ကြိုက်လည်းမကြိုက်ဘူး။ အားလည်း မပေးဘူး။ လပြည့်ကကိုယ့်ရဲ့အသားပေါ်မှာ တစ်ခုခုကြောင့် ထိခိုက်မိလို့ အမာရွတ်ကျန်ခဲ့ရင်တောင် လုံးဝမကြိုက်တဲ့သူဆိုတော့ တက်တူး ကြီးတစ်သက်လုံးရှိနေမှာဆိုရင် တစ်သက်လုံး ထိုးဖြစ်မှာမဟုတ်ပါဘူး။ မိန်းကလေးတွေလည်း ထိုးလာကြတာကို တွေ့ရပါတယ်။
လပြည့်ကတော့ တက်တူးကို လုံးဝကိုမကြိုက်တာပါ။ “

ပေါ်ပြူလာအဖွဲ့


 Popular Journal