တရားမ၀င်၊ အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ရောင်းဝယ် ဖောက်ကားမှု ပိုမိုဆိုးဝါးလာ

ပို့စ်တင်ချိန် - 6/03/2014 06:25:00 PM



တရားမ၀င် တင်သွင်းလာသော အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို ဈေးကွက် အတွင်း ရောင်းဝယ် ဖောက်ကားမှုများ ပိုမို ဆိုးဝါးလာသည့် အတွက် အရေးယူသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် အရက်၊ ဘီယာ၊ စီးကရက် များကို နိုင်ငံတွင်း တရားဝင် တင်သွင်းခွင့် မရှိဘဲ ရောင်းဝယ်ခွန် ဆောင်ကာ ရောင်းချနေခြင်းကြောင့် ပို့ကုန်၊ သွင်းကုန် ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက The Messenger သတင်းစာသို့ ပြောသည်။
““ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းအတွက် လျှော့ပေးတာကို အခွင့်ကောင်း ယူပြီး သွင်းလာတာ များတယ်””ဟု ၎င်းက ပြောသည်။
ယခုအခါ တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက် အမြောက်အများသည် ပြင်ပ မှ ပြည်တွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက်လျက် ရှိပြီး၊ ယင်းပစ္စည်း များသည် ကြီးကြပ် ကန့်သတ်မှုဖြင့် ပြည်တွင်း၌ တရားဝင် ထုတ် လုပ်၍ အခွန်ပေးဆောင် နေသော လုပ်ငန်းများကို နစ်နာစေကြောင်း၊ ယင်းပစ္စည်းများကို ရောင်းဝယ် ဖောက်ကားခြင်းသည် ဥပဒေကို ဖောက်ဖျက် နေခြင်းအတွက် ရပ်တန့်ကြရန် သတိပေး နှိုးဆော် ထားသည်။
တရားမ၀င် တင်သွင်းသော အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ရောင်းဝယ်ခြင်း၊ တင်သွင်းခြင်း များပြုလုပ်ပါက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ပြဋ္ဌာန်း ထားသော ပို့ကုန်၊ သွင်းကုန် ဥပဒေအရ ပြစ်မှုကျူးလွန်သူကို ဒဏ်ငွေ ချမှတ်ခြင်း၊ အမြင့်ဆုံး အနေဖြင့် ထောင်ဒဏ် သုံးနှစ်အပြင် ပြစ်ဒဏ် နှစ်ရပ်စလုံး ချမှတ် နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
ယင်းအပြင် စစ်ဆေး အရေးယူရာတွင် သတင်းပေးပို့သူ ပြည်သူများကိုပါ ဆုငွေပေး အပ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

messenger news journal