ကျောင်းသား ကျောင်းသူ များအတွက် ဟိုတယ်အဆင့် ရှိ အဆောင်များကို လှိုင်တက္ကသိုလ်နယ်မြေတွင် ဆောက်လုပ်မည်

ပို့စ်တင်ချိန် - 6/03/2014 06:27:00 PM


ရန်ကုန်၊ ဇွန် ၂- တက္ကသိုလ်များ လှိုင်နယ်မြေတွင် ကျောင်းသားကျောင်း သူများနေထိုင်ရေး အဆင်ပြေစေရန် အတွက် ဟိုတယ်အဆင့်ရှိအဆောင် များကို ဆောက်လုပ်ပေးတော့မည် ဖြစ် ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် လှိုင်တက္ကသိုလ်နယ်မြေ တွင် စတင်ဆောက်လုပ်မည့် အ ဆောင်များကို နိုင်ငံတကာ အဆင့်မီ အဆောင်များ အဖြစ်ဆောက် လုပ်ပေး မည်ဖြစ်ပြီး ယင်း အဆောင်များတွင် ဓာတ်လှေကား၊ ကားပါကင်၊ အဆင့်မြင့် ပရိဘောဂများဖြင့် အထပ်မြင့် အ ဆောက်အအုံများ ဆောက်လုပ်ပေး သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက် မြန်မာပြည်)မှ သိရသည်။

''ပညာရေးဝန်ကြီး လာပြီးကြည့် သွားတယ်။ ကျောင်းသားတွေအ တွက် နေထိုင်ရေး၊ သွားရေးလာရေး အဆင်ပြေအောင် ဟိုတယ်လိုအဆောင် တွေ ဆောက်ပေးမယ်။ ချောင်ချောင် ချိချိနေလို့ ရအောင်ပါ။ ဆရာတို့အခု စတင်အကောင် အထည်ဖော်နေပြီ'' ဟုအဆင့်မြင့်ပညာဦးစီးဌာန(အောက် မြန်မာပြည်)မှ ညွှန်ကြားရေးမှူးတစ် ဦးကပြောသည်။
ပညာရေးဝန်ကြီးဌာန၏ ညွှန် ကြားမှုဖြင့်တက္ကသိုလ်များ လှိုင်နယ် မြေတွင် ကျောင်းသား ၄ဝဝဆံ့နှင့် ကျောင်းသူ ၄ဝဝဆံ့ အဆောင်တစ် ခုစီ၊ ဝန်ထမ်းအိမ်ရာ ၆ ခန်းတွဲ ၂ လုံး၊ စာစစ်ဌာန ဝန်ထမ်းများ နေထိုင်ရန် အထပ်မြင့်အိမ်ရာများကို စတင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရ သည်။
''အခုဆောက်လုပ်မယ့်အထဲ မှာ ဆရာတွေအတွက်လဲ ပါတယ်။ စာသင်ဆောင်က စာသင်ဆောင် သပ် သပ်၊ ကျောင်းသားနေတဲ့ အဆောင် က သပ်သပ်။ ဆရာတွေအတွက်ဆို ရင် အိမ်ရာသီး သန့်တွေ ဆောက် ပေးမှာပါ။ အခုဆိုရင် ဆရာတွေထား တဲ့အဆောင်တွေကို ကျောင်းသား သီးသန့်ထားဖို့တွေ လုပ်ပြီးပြီ''ဟု ယင်းညွှန်ကြားရေးမှူးက ထပ်မံပြော သည်။
လက်ရှိ အခြေအနေအရကျောင်း သားအဆောင်များကို စာသင်ဆောင် များအဖြစ် ပြုလုပ်ထားခြင်းများကို လည်း နောင် တစ်ချိန်တွင် ကျောင်း သားများ ပြန်လည်နေထိုင်နိုင်ရန် အတွက် ပညာရေးဝန်ကြီး ဌာနက ညွန့်ကြားထားပြီဖြစ်ကြောင်းလည်း သိရသည်။
''ပညာရေးဝန်ကြီးကျောင်းတွေ ကို လာကြည့်သွားတုန်းက စာစစ် ဆိုရင်စာစစ်နေရာကို သေချာဆောက် ပေးပါ့မယ်။ ကျောင်းသားနေခဲ့တဲ့ နေရာတွေကို ပြန်နေလို့ရအောင် ဆောင်ရွက်ပေး ပါ့မယ် ဆိုပြီးပြောသွားခဲ့တယ်။ မိန်းကလေး ဆောင်တစ်ခုဖြစ်တဲ့ မာလာဆောင်ကိုလည်း ပြန်ရအောင်တင်ပြပေးသွားပါ့မယ်'' ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါ မောက္ခချုပ် ဒေါက်တာခင်နိုင်ဦး က ပြောသည်။ ကျောင်းသားများ ပညာသင် ယူ ရာ တွင် ကျောင်း ပတ်ဝန်းကျင် ကောင်းများရရှိရန်မှာလည်း တစ်ခု အပါအဝင်ဖြစ်ပြီး အဆိုပါ ပတ်ဝန်း ကျင်ကောင်းများထဲမှာ ယခုဆောက် လုပ်မည့် အဆောင်များကိုအနိမ့်ဆုံး အာဆီယံအဆင့်မီစေရန် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဆောက် လုပ်မည့် ခေတ်မီ အဆောက်အအုံများကိုလည်း ဆောက်လုပ်ရေး ကုမ္ပဏီ များ ထံ တင် ဒါများ ခေါ်ယူကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

လှိုင်တက္ကသိုလ်နယ်မြေ အတွင်း ဇွန် ၂ ရက်နေ့က ကျောင်းသားများ သွားလာနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ)
ယင်းနှင့်ပတ်သက်ပြီး ရန်ကုန် တက္ကသိုလ်တွင် အင်္ဂလိပ်စာမေဂျာဖြင့် ပဲခူးတိုင်းမှ လာရောက် ကျောင်းတက် သူ ကျောင်းသူ တစ်ဦးက''အခုလို အဆင့်မြင့်မြင့် နေရရင်တော့တာ ဝန်ရှိသူ တွေကို ကျေးဇူးတင်ရမှာပါ။ တက္ကသိုလ်ရဲ့ အငွေ့အသက်မှာ အဆောင်ဆို တာအခရာအကျဆုံးပါ။ အခုကျောင်းသားနည်းနေသေးတော့ သိပ်မသိသာသေးဘူး။ ကျောင်း သားတွေများ လာရင် ရန်ကုန် တက္က သိုလ်ရဲ့ အရင်အချိန်တွေပြန်ရလာ မယ်လို့ထင်တယ်''ဟုဆိုသည်။
 အဆင့်မြင့် ပညာဦးစီးဌာနမှ တာဝန်ယူတည်ဆောက်မည့် အဆို ပါ အဆောင်အသစ်များကို ယခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်ဆောက် လုပ်သွားမည်ဖြစ်ကြောင်း လက်ရှိ တက္ကသိုလ်များ တွင်ပထမနှစ်တက် ရောက်သင်ကြားနေသည့်ကျောင်း သား၊ကျောင်းသူများသည် ဒုတိယ နှစ်တက်ရောက်ပါက ယင်းအဆောင် အသစ်များတွင် နေထိုင်ခွင့်ရရှိတော့ မည်ဖြစ်ကာ အသစ်ဝင်လာမည့် ပထမနှစ် ကျောင်းသားများသည်လည်း ယခင်ပထမနှစ်ကျောင်းသားများ တက်ရောက်ခဲ့သည့် အဆောင်နေရာ များတွင် နေထိုင်ခွင့်ရရှိ မည်ဖြစ် ကြောင်း သိရသည်။
''လက်ရှိအဆောင်တွေက ပထမနှစ်တက်နေတဲ့ ကျောင်းသား တွေအတွက်ထားတာဖြစ်လို့သူတို့ ဒုတိယနှစ်တက်ရင် ထားနိုင်အောင် လို့ခုလိုစီစဉ်ပေးရတာပါ။ ပထမနှစ် တွေဝင် လာရင် ဒုတိယနှစ်တက် မယ့် ကျောင်းသားတွေက နေစရာ မရှိတော့ဘူးလေ။ အခုလောလော ဆယ် နိုင်သလောက် ပထမနှစ်နဲ့ ဒုတိယနှစ်ပဲထားမှာ။ နောက်ဆို ရင် လေးနှ စ်စာ အတွက် ထားနိုင် အောင် လုပ်ပေးသွားမှာပါ။ အဆောင်လခ တွေက တစ်လငါးထောင်နှုန်းပါပဲ'' ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးက ပြောသည်။
 လက်ရှိအကောင်အထည် ဖော်မည့်အဆိုပါ တက္ကသိုလ်ဆောင် များတွင် ကျောင်းသားများကို လက်ခံ ရာတွင် ရန်ကုန်မြို့တော် စည်ပင် သာယာနယ်နိမိတ်ပြင်ပမှ ပထမနှစ် ကျောင်း သားများ ကို ဦးစားပေး လက်ခံသွားမည်ဖြစ်ပြီး နေထိုင်ကြ မည့် ကျောင်း သားကျောင်း သူများ အနေဖြင့်လည်း အဆောင်စည်း ကမ်းသတ်မှတ်ချက်များနှင့်လိုက်နာ ရမည်ဖြစ်ကြောင်း သိရသည်။
''အဆောင်မှာနေတဲ့သူဆိုရင် အဆောင်နေစည်းကမ်းတွေကို လိုက်နာမှဖြစ်မယ်။ မူးယစ်သောက် စားတာတွေ၊ ဥပဒေနဲ့ မလွတ်ကင်း တာတွေကို လက်ခံမှာမဟုတ်ပါဘူး။ မူးရမ်းတာ မျိုးတွေဆို လည်း ထုတ်ပစ် မှာပါ''ဟု ညွှန်ကြားရေးမှူးကပြော သည်။
၂၀၁၃-၁၄ပညာသင်နှစ် တွင် ပထမနှစ် ကျောင်းသား ကျောင်းသူ များကို စည်ပင်သာယာနယ်နိမိတ် ပြင်ပမှ ရန်ကုန်မြို့တွင် တက်ရောက် သင်ကြားနေသောကျောင်းသားများ ကို အဓိက ဦးစားပေးရွေး ချယ်သွား မည်ဖြစ်ပြီး၊ အဆောင်လုံလောက်မှု မရှိပါက တက္ကသိုလ်ဝင်တန်းအမှတ် စုစုပေါင်းအနည်းအများပေါ်မူတည် ၍ ရွေးချယ်သွားမည်ဖြစ်သည်။
ယခုဖွင့်လှစ်မည့် အဆောင်များ တွင်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ဖြစ် ရမည်ဟု သတ်မှတ်ထားသော် လည်း ရန်ကုန်မြို့တော် စည်ပင်သာ ယာနယ်နိမိတ်အတွင်းမှ မိမိ တက် ရောက်နေ သည့် တက္ကသိုလ်များကို သွားလာရာတွင် ခက်ခဲသည့်ကျောင်း သား၊ ကျောင်းသူများကိုလည်းဒုတိယ ဦးစားပေး အနေဖြင့် ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်ရှိသော တက္ကသိုလ် များအသီးသီးတွင် တက်ရောက်နေ ကြသည့်ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် မကြာမီဖွင့်လှစ်မည့် ယင်းအဆောင်များတွင် နေထိုင်ခွင့် ရရှိနိုင်ရန် အတွက် တက္ကသိုလ်များ ကျောင်းဖွင့်ချိန်တွင် တစ်ပါ တည်း လျှောက် ထားနိုင်ကြောင်း သိရ သည်။
ATK
[--Democracy today Daily Newspaper--]