မြန်မာ-ဘင်္ဂလားဒေ့ရှ် ပြဿနာမှာ ကြုံတွေ့နေကျ ပြဿနာသာ ဖြစ်ဟုဆို

ပို့စ်တင်ချိန် - 6/03/2014 01:21:00 PM


မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာမှာ နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံတိုင်း ကြုံ တွေ့နေကျ ပြဿနာဖြစ်ပြီး စစ် ဖြစ်လောက် သည့် အနေအထား မဟုတ်ဘဲ လူမှုကွန်ရက်နှင့် အင်တာနက်မှ လှုံ့ဆော်သည့်သတင်း များကြောင့် ပိုမိုကြီးထွားသွား သယောင်ဖြစ်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောကြား သည်။

ယခုပြဿနာမှာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှင့် ချစ် ကြည်ရေးကိုလည်း မထိခိုက်ဘဲ ပုံမှန်အတိုင်းပင် ဆက်သွယ်မှု များရှိကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန(ဘင်္ဂလားဒေ့ရှ်နိုင်ငံ) မှ ဒုတိယညွှန် ကြားရေးမှူး ဦးအောင်ကျော်သူ ကပြောသည်။

‘‘နယ်စပ်မှာက နယ်မြေချင်း ထိစပ်နေရင် ဖြစ်လေ့ဖြစ်ထရှိပါ တယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်တာ မရှိဘူး။ ပုံမှန်ပါပဲ။ ဒီလိုထိတွေ့မှုမျိုးဟာလည်း စစ် ဖြစ်ရလောက်အောင် ကြီးကျယ် မှု မရှိပါဘူး။ တချို့ အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေမှာ စစ်ပြင်နေ ပြီလို့ ပြောတာ တကယ်ပေါက် ကရတွေပါ။ စစ်ဖြစ်ဖို့အကြောင်း ကို မရှိဘူး’’ က ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်နှင့် မြန်မာတပ်မတော် တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်က မြန်မာကို စွပ်စွဲ ပြောဆိုမှုများ ရှိခဲ့သည်။ မြန်မာ က ဘင်္ဂလားဒေ့ရှ်သံအမတ်ကို ဆင့်ခေါ်၍ စွပ်စွဲမှုများကို ငြင်းဆို ကန့်ကွက်သည့်စာကို နိုင်ငံခြား ရေးဝန်ကြီးက ခေါ်ယူတွေ့ဆုံပြီး ပေးအပ်ခဲ့သည်။

နှစ်ဖက် သံတမန်နည်းလမ်း အရ ညှိနှိုင်းနေသည့်ကာလတွင် လည်း ဆက်ဆံရေးမှာ ထိခိုက် မည်မဟုတ်ဘဲ တစ်ဖက်နှင့်တစ် ဖက် ကန့်ကွက်ရုံဖြင့်သာပြီးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ဌာနချုပ် ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

‘‘စစ်ဖြစ်ရလောက်အောင် မတင်းမာပါဘူး။ အွန်လိုင်းတွေ မှာ ရေးနေတာတွေ ဆိုရင် အမှန် ပြောရရင် သူတို့လောက်တောင် ကျွန်တော်တို့က မသိဘူး ဖြစ်နေ တယ်။ တကယ်က အဲဒီလောက် မဆိုးဝါးပါဘူး။ တစ်ဖက်နဲ့တစ် ဖက်နားလည်မှုလွဲရင် နယ်စပ်ဆို တော့ အရေးကြီးတဲ့အတွက် ပစ် ခတ်ထိတွေ့မှုကတော့ ရှိတတ် ကြပါတယ်’’ ဟု ၎င်းကပြောသည်။

7Day News Daily