ရခိုင်ရှိ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များအတွက် လုံခြုံရေးတိုးမြှင့်

ပို့စ်တင်ချိန် - 6/03/2014 01:17:00 PM


ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ပြဿနာများဖြစ်ပွားနေ သောကြောင့် စစ်တွေမြို့ရှိ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ အစည်းများ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား နှစ်ဆတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

မတ်လနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ လုပ်ငန်းများအား စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက် ပြည် ထောင်စုလမ်း အနီးတစ်ဝိုက်၌ ရုံးစိုက်ဆောင်ရွက်ရန် ပြည်နယ် အစိုးရက ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ယခုရက်ပိုင်းနယ်စပ်ပြဿနာများ ပေါ်ပေါက်လာချိန်တွင် ရဲတပ်ရင်းသုံးရင်းမှ စုပေါင်း ရဲတပ်ဖွဲ့ဝင် များထပ်မံအားဖြည့်၍ လုံခြုံရေး နှစ်ဆတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

‘‘ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး လတ်တလောအခြေအနေတွေ ကြောင့် NGO၊ INGO တွေကို လုံ ခြုံရေးနှစ်ဆတိုးပေးထားတယ်။ အရင်ပြဿနာဖြစ်ခဲ့ဖူးတာရယ်၊ အခုနယ်စပ်ပြဿနာတွေကြောင့် မရှုပ်ထွေးစေချင်လို့ပါ’’ဟု ပြည် နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ကပြောသည်။

ယခုနှစ်အစောပိုင်းတွင် အ ကူအညီပေးရေး အဖွဲ့အစည်း NGO၊ INGO များ၏ လုပ်ဆောင် ချက်များသည် မျှတမှုမရှိဟု ယူဆသဖြင့် ဒေသခံများက ထွက်ခွာ ပေးရန် ကန့်ကွက်ဆန္ဒပြမှုများပြု လုပ်ခဲ့ပြီး ပြည်နယ်အစိုးရက လည်း မျှတမှုရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ် ပေးခဲ့ရသည်။

ထို့အပြင် MSF(AZG) အဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်ခွင့်အား ရုပ်သိမ်းခြင်း၊ သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်သည်ဆိုကာ အကူအညီပေးရေး အဖွဲ့များ၏ ရုံးခန်းများတိုက်ခိုက်ခံခဲ့ရပြီး လုပ် ငန်းများ ခေတ္တရပ်ဆိုင်းခဲ့ရခြင်း များဖြစ်ပေါ်ခဲ့သည်။

7 Day News daily