ရုပ်ရှင်ကားကြီးအတွက် ရွေးပြီးမှလက်ခံတဲ့ ပြေတီဦး

ပို့စ်တင်ချိန် - 6/03/2014 12:57:00 PM


ရုပ်ရှင်ကားကြီးရိုက်ကူး ရာတွင် စိတ်ကြိုက်ဇာတ်လမ်း ရရန် ရွေးချယ်ရိုက်ကူးဖြစ်နေသော ကြောင့် ယခုနှစ်အတွင်း ရုပ်ရှင် တစ်ကားခန့်သာ ရိုက်ကူးဖြစ်မည် ဖြစ်ကြောင်း ပြေတီဦးက ပြော သည်။

‘‘ဒီနှစ်ထဲမှာ ရိုက်ဖို့ပြောတဲ့ ရုပ်ရှင်ကားကြီးတွေကို တစ်ကားမှ မရိုက်ဖြစ်သလောက်ဘဲ။ အလွန် ဆုံးရိုက်ဖြစ်ရင်တောင် တစ်ကား လောက်ပဲ ရိုက်ဖြစ်မယ်ထင်တယ်။ ကျန်တာတွေက စိတ်တိုင်းမကျ လို့ မရိုက်ဖြစ်ဘူး’’ ဟု ပြေတီဦးက ပြောသည်။

ရုပ်ရှင်ဇာတ်ကားများ ရိုက် ကူးရာတွင် ရုပ်ရှင်ဖြစ်လျှင်ပြီးပြီဆို သည့် စိတ်ဖြင့် ကမ်းလှမ်းလာ သည့် ဇာတ်ကားတိုင်းကို ရိုက်ကူး နေပါက ပရိသတ်စိတ်ဝင်စားမှု လျော့နည်းလာနိုင်သလို အောင် မြင်မှုနှင့် ဝေးကွာသွားနိုင်သည်ဟု ၎င်းက ဆိုသည်။

‘‘ကျွန်တော်လုပ်ထားပြီးသား တွေနဲ့ ကာလာကွဲဖို့လိုတယ်။ အောင်မြင်ခဲ့ပြီးသားကားတွေကို ကျော်နိုင်ဖို့လိုတယ်။ ပရိသတ် တွေကို attraction တစ်ခုနဲ့ ဆွဲ ဆောင်နိုင်ဖို့လိုတယ်။ အဲဒီလို စံ ချိန်စံညွှန်းတွေနဲ့ ပြည့်စုံမှပဲ ကား ကြီးထပ်ရိုက်လို့ရမှာ’’ ဟု ပြေတီ ဦးက ပြောသည်။

ထို့ကြောင့် ကိုယ်တိုင်စိတ် ကြိုက်ဇာတ်ရှာ၍ ရိုက်ကူးသွား မည်ဖြစ်ပြီး ဇနီးဖြစ်သူ အိန္ဒြာကျော် ဇင်နှင့်လည်း ဇာတ်ကားများရိုက် ကူးရန် အစီအစဉ်ရှိကြောင်း ၎င်း က ဆိုသည်။

မကြာမီရုံတင်ပြသမည့် ‘နင် စေရင်’ ရုပ်ရှင်ဇာတ်ကားတွင် လည်း အချစ်အတွက် အရာရာကို စွန့်လွှတ်နိုင်သူ တစ်ဦးအဖြစ် ပါ ၀င်သရုပ်ဆောင်ထားကာ ကိုယ် တိုင်ကျေနပ်မှု ရရှိသည့် ရုပ်ရှင် ဖြစ်ကြောင်း ပြေတီဦးက ပြော သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ မိုက်တီးရိုက်ကူးသော ဇာတ်ကား တွင် ၀ိုင်းစုခိုင်သိန်းနှင့် တွဲဖက်သ ရုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

7day daily