ပြည်ပခရီးသွားလိုင်စင် အာမခံကြေး ကျပ် သိန်း ၅၀၀ ပေးသွင်းရမှု လက်မခံ

ပို့စ်တင်ချိန် - 6/03/2014 05:34:00 PM


ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်လိုတဲ့ ကုမ္ပဏီအနေနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကို လိုင်စင်အာမခံကြေး ကျပ် သိန်း ၅၀၀ ပေးသွင်းရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် လျာထားတာကို ပယ်ဖျက်ပေးဖို့ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေက တောင်းဆိုထားကြောင်း မြန်ဂုဏ်မြှင့်ခရီးသွားလုပ်ငန်း မန်နေဂျာ ဒေါ်မေစံပယ်အောင်က ဒီဗွီဘီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့က ရန်ကုန် ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ရုံးမှာ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးစီး ကျင်းပတဲ့ ပြည်ပခရီးစဉ်

(Outbound Tour) ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဆွေးနွေးပွဲမှာ ခရီးသွားလုပ်ငန်းရှင်တွေ က  တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တရားဝင် လိုင်စင်မရှိသေး ပဲ ပြည်ပခရီးသွားလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို လိုင်စင်ထုတ်ပေးဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက စည်းကမ်း မူကြမ်းထုတ်ပြန်ရာမှာ အဲဒီအချက်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုချက်ကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနဘက်က လိုက်လျောမယ်၊ မလိုက်လျောဘူးဆိုတာ မသိသေးပါဘူး။

DVB Burmese