မြို့နယ်တရားသူကြီးအဂတိလိုက်စားမှုကို ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့် မရသည့်အတွက် ဆန္ဒထုတ်ဖော်မှုပြုလုပ်တော့မည်မဟုတ်

ပို့စ်တင်ချိန် - 6/03/2014 06:35:00 PM


မန္တလေး-ဇွန်၃

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့MDCF မှ ကိုသိန်းအောင်မြင့် သည် မြို့နယ် တရားသူကြီးအဂတိလိုက်စားမှုကို ချမ်းမြသာ စည်မြို့နယ်တရားရုံးရှေ့တွင်
ဆန္ဒထုတ်ဖော်ရန် တိုင်းအ ထိခွင့်ပြုမိန့် တင်သော်လည်းမရသည့်အတွက်
ဆန္ဒထုတ်ဖော် မှုပြုလုပ်တော့မည်မဟုတ်ကြောင်း သတင်းထောက် များအားယနေ့ 
မနက် ပိုင်းကရှင်းလင်းပြောကြားခဲ့သည်။

ထို့ နောက် မြို့နယ်တရားသူကြီးအားသွားရောက်တွေ့ဆုံပြီး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သော ကိုအေးသိန်း၏ အမှု ကိစ္စနှင့် ပတ်သက်ပြီးမေးမြန်းဖို့ ကြိုးစားစဉ်
ရဲတပ်ဖွဲ့မှ လာရောက် ညှိုနှိုင်းခဲ့သည်။ မြို့နယ်တရားသူကြီးမှ တိုင်းရုံးသို့ သွားရောက်နေ သဖြင့်တွေ့ဆုံခွင့်မရခဲ့ကြောင်းသိရသည်။

ခက်ဆစ်
Popular Myanmar News Journal