သေးပန်းလိုက်ရာကနေ ဓာတ်လိုက်သွားတဲ့ ခွေးလေး

ပို့စ်တင်ချိန် - 6/03/2014 10:39:00 AM


သခင်နဲ့ အတူ ညနေလေညှင်းခံရင်း လမ်းလျှောက်ထွက်လာတဲ့ စကမ်ပီအလှခွေးလေး တစ်ကောင်ရဲ့ ကံမကောင်းချက်ကတော့ သြချလောက်ပါတယ်။ အသက် ၂ နှစ်အရွယ် သာရှိတဲ့ အဖြူရောင်အမွှေးစုတ်ဖွား စကမ်မီအထီးလေးက အသက် ၆၈ နှစ်အရွယ်ရှိ သခင်ဖြစ်သူ အားနက် ၀ီးရက်နဲ့အတူ ၀စ်ရှိုင်းယားမြို့တော် စွင်ဒေါင်းလမ်းတလျှောက် လမ်းလျှောက်လာစဉ်မှာ စကမ်ပီလေးက ယခင်သူလုပ်နေကျအတိုင်း မြက်ခင်းပြင် လမ်းတလျှောက် ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ လမ်းမီးတိုင်မှာ မစင်စွန့် (သေးပန်း) လိုက်လေရဲ့။

စကမ်ပီလေး တစ်ကိုယ်လုံး (ဘရိတ်ဒန့်) ကသလို တုန်ခါပြီးတော့ သုံးမီတာအကွာ မြက်ခင်းပြင် ကိုလွင့်ထွက်သွားပါလေတော့တယ်။ အို သူဘာဖြစ်သွားတာပါလဲ။ သူ့ကိုယ်လည်း ဘာဖြစ်သွားမှန်းလည်း မသိတော့ပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အကြော ဆဲလ်တွေ အားလုံးပြတ်တောက်သွားပြီလား တောင်မှတ်ရပါတယ်။ တစ်ကိုယ်လုံး လည်း တုန်ခါနေတာလည်း မရပ်တော့ပါဘူး။ သေချာပါပြီ စကမ်ပီလေး ဓာတ်လိုက် သွားတာပါ။
သခင်ဖြစ်တဲ့ ၀ီးရက်က သူ့ရဲ့ ခွေးလေးကို သတိထားပြီးကြည့်လိုက်တော့ စကမ်ပီရဲ့ တစ်ကိုယ်လုံးတုန်သွားတာကို ပဲမြင်ပါတယ်။ သူ့ရဲ့ ခွေးလေး ဓာတ်တိုင်မှာ သေးပန်း လိုက်တာက ဘာဖြစ်လို့ ဒီလောက်တောင်ဖြစ်သွားရတာလဲလို့ သူလည်း စဉ်းစားပါ တယ်။ ခွေးကို ကြည့်လိုက်တော့လည်း တော်တော်လည်း ကြောက်ရွံ့တုန်လှုပ်နေတဲ့ ပုံပေါက်သွားပါတယ်။ အတော်လေးလည်း အဖြေရှာရခက်နေပါတယ်။

ဝီးရက်က လျှပ် စစ်အင်ဂျင်နီယာတစ်ယောက်ပီပီ အရင်ဦးဆုံး စဉ်းစားလိုက်မိသွားတာက သူ့ရဲ့ ခွေးလေး သေးပန်းလိုက်တဲ့ ဓာတ်တိုင်ကိုပါ။ အဲ့ဒီ မီးဓာတ်တိုင်က အခိုးငွေ့နည်းနည်းထွက် နေတာကို တွေ့ပါတယ်။ ဟုတ်ပါပြီ စကမ်ပီလေး ဓာတ်လိုက်သွားတာပါ။

သူလည်း ခွေးလေးအတွက် အသက်အန္တရာယ်ကိုလည်း အတော်စိုးရိမ်ပြီးတော့ ခွေးလေးကို အသေအချာ ပြန်ကြည့်ရှုလိုက်ပါတယ်။ အပြင်ပန်းကတော့ ဘာမှမဖြစ်ပါဘူး။ အတွင်းကလီစာ တွေကရော ဘာတွေများဖြစ်သွားနိုင်သလဲ။ ဒီတော့သူလည်း တိရစ္ဆာန် ဆရာဝန်ဆီကို သွားပြလိုက်တော့ ခွေးလေးဘာမှမဖြစ်ဘူးလို့ ဆရာဝန်က ဆိုပါတယ်။

“ ကျွန်တော့ ခွေးလေးအတွက် အတော့ကို စိုးရိမ်သွားတယ်။ သူ့ကို ကျွန်တော်က အရမ်းချစ်တာလေ။ ဒီ လမ်းမီးဓာတ်တိုင်တွေက ၀ါယာတွေပေါက်နေတော့ ရှော့ခ် ဖြစ်ပြီး ဓာတ်လိုက်တော့တာပေါ့။ ဗို့အား ၂၄၀ ရှိ အားက လူတွေတောင် သေစေ နိုင်တယ်လေ ဒါကြောင့် ကျွန်တော် စကမ်ပီလေးကို စိတ်ပူသွားတာပါ။ ကံကောင်းတာ က သူဘာမှ မဖြစ်တာသွားတာပါ။ ကျွန်တော့ရဲ့ ခွေးလေးအတွက် ထိခိုက်နစ်နာကြေး အတွက်ကို စွင်ဒေါင်း ကောင်စီကို အကြောင်းကြား တောင်းခံသွားမှာပါ။ ဒီလိုမျိုး မဆင် မခြင်ဘဲ ပြန်လည် မပြုမပြင်ဘူးဆိုရင် လူတွေအတွက် အသက်အန္တရာယ်ရှိလာနိုင်ပါ တယ်” လို့ သူကပြောပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။