ဒါရိုက်တာ ဝိုင်းနဲ့ ပြန်လည် လက်တွဲပြီး အနုပညာ လုပ်ဖြစ်တဲ့ သက်မွန်မြင့်

ပို့စ်တင်ချိန် - 6/03/2014 12:58:00 PM


၂၀၁၃ ခုနှစ်က ဒါရိုက်တာ ၀ိုင်း ရိုက်ကူးတဲ့ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင် ဇာတ်ကားရဲ့ ဇာတ်ညွှန်းမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်း တချို့ကြောင့် သက်မွန်မြင့်က ပါဝင်သရုပ်ဆောင် ခဲ့ခြင်း မရှိခဲ့ဘဲ အခုအခါ ဒါရိုက်တာ ၀ိုင်း ရိုက်ကူး ပုံဖော်တဲ့ “ချစ်လှစွာသော အမုန်း” ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် ဖြစ်ခဲ့ပြီး ဒါရိုက်တာ ၀ိုင်း နဲ့ အတူ အနုပညာ အလုပ်တွေ ပြန်လည် လက်တွဲလုပ်ကိုင် လာတာတွေ့ရပါတယ်။

ဒါရိုက်တာဝိုင်း ရိုက်ကူးနေတဲ့ “ချစ်လှစွာသော အမုန်း” ရုပ်ရှင်ဇာတ် ကားကြီးကို သက်မွန်မြင့်က အောင်ရဲလင်း၊ ဝတ်မှုံရွှေရည် တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် နေ ပါတယ်။ ဒီဇာတ်ကားထဲမှာ သက်မွန်မြင့်က သူဌေးသမီး တစ်ယောက်ဖြစ်ပြီး ကိုယ့် ထက် အသက်ငယ်တဲ့ ဝတ်မှုံရွှေရည် ကို မိထွေး အဖြစ်တော်ရတဲ့ သူနေရာ ကနေ ပြီးတော့ သရုပ်ဆောင်ထား ပါတယ်။ ဒါရိုက်တာဝိုင်း ရိုက်တဲ့ ဇာတ်ကားတွေနဲ့ အောင်မြင်မှု ရရှိခဲ့ပြီး ရုပ်ရှင်ပဲဖြစ်ဖြစ် ဗီဒီယို ဇာတ်ကားပဲ ဖြစ်ဖြစ် ဒါရိုက်တာ ဝိုင်းနဲ့က ကံ တအားစပ်တယ်လို့ သက်မွန်မြင့်က ပြောပါတယ်။ “ရှေ့က ဇာတ်ကားတွေ နဲ့ကွဲအောင်တော့ နည်း စဉ်းစားရတယ်။ သက်မွန်က ကိုဝိုင်း နဲ့ကံစပ်တယ်။ ရုပ်ရှင်မှ မဟုတ်ဘူး။ ဗီဒီယို ဇာတ်ကား တော်တော် များများလည်း သူနဲ့ကံစပ် တယ်။ ပေါက်တယ်။ သူကလည်း သူ ဇာတ်လမ်းလေးတွေ က ဆန်းတယ်။ သူကိုယ်တိုင် လည်း အလုပ် ထဲမှာ စိတ်နှစ်ပြီး ကြိုးစားတဲ့သူ၊ ကိုယ် တွေကိုလည်း အသားကုန် လုပ်ခိုင်း တယ်။ သက်မွန် ကလည်း ကိုယ့်ကို အသားကုန်ခိုင်းတဲ့ ဒါရိုက်တာနဲ့ဆို ရင် ပျော် တယ်။ အလုပ် လုပ်ချင်တယ်။ ကိုယ်တိုင်လည်း ကြိုးစားချင်တယ် ဆိုတော့ အဆင်ပြေတယ်။ အခုဇာတ် ကားပြန်ရိုက်တော့ လည်း ကိုဝိုင်းနဲ့ အဆင်ပြေပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်ကို သူသိ ထားတော့ သူခိုင်းလို့ရတယ်။ သူ ညွှန်ကြားပေးတဲ့ အတိုင်းပဲ သက်မွန် လည်း အများကြီး ကြိုးစားသရုပ် ဆောင် ဖြစ်ပါတယ်။ ကိုဝိုင်း ကလည်း သေချာလေး ခိုင်းတယ်။ အသေးစိတ် လေးတွေက အစ ဂရုစိုက်တော့ ဒီ ဇာတ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် ရတာ ကိုဝိုင်း ကိုလည်း ယုံကြည် တယ်။ ဇာတ်လေး ကိုလည်း ဖတ်ကြည့်တော့ သဘောကျတာနဲ့ပဲ လက်ခံပြီးတော့ ရိုက်ဖြစ်သွားတာပါ” လို့ ပြောပါတယ်။

ဒီဇာတ်ကားထဲမှာ မင်းသမီးနှစ်ယောက်အ ပြိုင် သရုပ် ဆောင်ရပေမယ့် ဇာတ်ရဲ့ ကာရိုက်တာပေါ် မူတည်ပြီး ဘယ်နေရာပဲ ဖြစ်ဖြစ် ကိုယ်ရိုက်တဲ့ နေရာ လေးကိုပဲ သဘောကျပြီး အကောင်းဆုံး ပီပြင်အောင် ကြိုးစား သရုပ်ဆောင် ဖြစ်ပါတယ်လို့ သက်မွန်မြင့်က “သက်မွန် စိတ်ထဲမှာ တွေးထားတာက အကယ်ဒမီ ဆိုတာက အပို ဆုပေါ့နော်။ အနုပညာ အောင်မြင်မှုရဲ့ နောက်မှာ ရတဲ့အပိုဆုလို့ပဲ သဘောထား ထားပါတယ်။ အဲဒါကို မျှော်လင့် ပြီးတော့ လုပ်နေတာ မျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ကဒီ ဇာတ်ကို ကြိုက်တယ်။ ရိုက်တယ် ဆိုရင် ဒီ ဇာတ်ထဲက ကာရိုက်တာ အတိုင်းကို ကြိုးစားပြီးတော့ ပီပြင်အောင် သရုပ်ဆောင်တယ်။ အဲဒီပေါ် မှာပဲ ပရိသတ်က ကြိုက် တယ်။ အားပေးတယ် ဆို ကျေနပ်တယ်။ အဲဒီ ထဲကမှ ကံကောင်းပြီးတော့ အကယ်ဒမီ ရတယ် ဆိုရင်တော့ ပျော်စရာကြီးပေါ့။ ဆုလည်း ရတယ်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ် ကလည်း ကိုယ်ရ သွားတာကို ကြည့် ပြီး ပျော်တယ် ဆိုရင် ကိုယ်လည်း ကျေနပ်တယ်။ ဒီဇာတ်ကား ထဲမှာ လည်း သက်မွန် အနေနဲ့ အိုက်တင်ကို တအားသတိထား ရတယ်။ ဇာတ်လမ်း နာမည်ကိုက လည်း “ချစ်လှစွာသော အမုန်း” ဆိုတော့ ဇာတ်ကလည်း သူ့နာမည်လေး နဲ့ ဇာတ် လမ်းလေး ကလည်း သူ့ကြောင့် ဖြစ်လာတာပေါ့။ ဒါပေမဲ့ ကိုယ်သရုပ် ဆောင်ရ တဲ့ နေရာကလည်း ပေါ့ပေါ့ ပျက်ပျက် သရုပ်ဆောင်လို့ရတဲ့ နေရာမဟုတ် ဘူး။ ကိုယ့်နေရာကလည်း အများကြီး အရေး ကြီးတယ်။ သူ့အပေါ် မှာဖြစ်တဲ့ စိတ် တွေ အနေနဲ့ နောက်မှာ ကိုယ်ခံ စားရတဲ့ စိတ်တွေကို လိုက်ပြီး သရုပ်ဆောင် ရတယ်။ ခက်ခဲတဲ့ နေရာမှာ သရုပ်ဆောင် ရတာ ဆို တော့ တော်တော်လေးတော့ သတိထား ရတယ်။ ကိုဝိုင်းက လည်း သတိထားပြီး ရိုက်ပေး တယ်။ အရှေ့ အနောက် လေး ချိန်ပေးတယ်။ ကိုယ်လျော့နေ တယ် ဆိုရင် လျော့နေတယ်လို့ ပြောပေးတယ်။ အရေးကြီးတဲ့ နေရာ ဆိုတော့ သရုပ်ဆောင် ရတာ ပင်လည်း ပင်ပန်းတယ်။ ခက်လည်း ခက်ခဲပါတယ်။ ကိုယ်က အဓိက ကျတာ မကျ တာထက် ကိုယ့်နေရာလေး ကိုလည်း သဘော ကျတယ်။ ပြီးတော့ ကိုဝိုင်းကို လည်း ယုံကြည်တယ်။ ဒီဇာတ် လမ်းကိုလည်း ပရိသတ် ကြိုက်မယ်လို့ ယုံကြည် တယ်။ တချို့တော့ သက်မွန်ကို ဒီဇာတ်ထဲ မှာ ဗီလိန် လို့လည်း ထင်တယ်။ ဇာတ်ပို့ လည်း ထင်ကြတယ်။ အဲဒီလိုမျိုး မထင်ပါ နဲ့ လို့လည်း ပြောချင်ပါ တယ်။ သက်မွန် ကိုယ့် နေရာလေး မှာကိုယ် အကောင်း ဆုံးဖြစ်အောင် ကြိုးစား သရုပ် ဆောင်ထား ပါ တယ်”လို့ ပြော ပါတယ်။

လွင်လွင်ထွန်း
Popular Myanmar