တာမွေမြို့နယ်တွင် ယာဉ် (၅)စီးဆင့်ကဲတိုက်မိ

ပို့စ်တင်ချိန် - 6/03/2014 07:12:00 PM


 ၃.၆.၂၀၁၄ရက်နေ့ ၀၉၂၀အချိန် တာမွေမြို့နယ်၊ လေးထောင့်ကန် လမ်းအတိုင်း တာမွေမြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ ပဲခူးမြို့နယ်နေ ယာဉ်မောင်း အောင်ကိုဝင်း မောင်းနှင်လာသော ၄ခ/--- နစ်ဆန်းဒီဇယ်၊(၈၈)သန်မြန်သူ ယာဉ်လိုင်းခရီးသည်တင် ယာဉ်သည် မင်းရဲကျော်စွာ ဂုံးတံတားအတက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ၎င်း၏ရှေ့မှ မောင်းနှင်သော ၃ဂ/--- ဆူဇူးကီး ပစ်ကပ်ယာဉ်အား တိုက်မိခဲ့ပါသည်။

၃ဂ/---ဆူဇူးကီးပစ်ကပ်ယာဉ်သည် အတိုက်ခံရသည့်အရှိန်ဖြင့် ၎င်း၏ရှေ့မှမောင်းနှင်သော AA---ဆူဇူးကီးဝက်(စ်)ဂွန်ယာဉ် လည်းကောင်း၊ AA---ဆူဇူးကီးဝက်(စ်)ဂွန်ယာဉ်မှ ၇ဃ/----မတ်တူး
ဆလွန်း ယာဉ်အားလည်းကောင်း၊ ၇ဃ/----မတ်တူးဆလွန်းယာဉ်မှ BB---အေဒီဗင်ယာဉ်အားလည်းကောင်း ဆင့်ကဲဆင့်ကဲ တိုက်မိ ခဲ့ကြပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအောင်ကိုဝင်းအား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police