ကိုယ့်ရေးကိုယ်တာ ကိစ္စမို့ပါ - ဟာသ

ပို့စ်တင်ချိန် - 6/03/2014 11:03:00 AM



အမတ်တစ်ယောက်ဟာ အားလပ်ရက်အပန်းဖြေအဖြစ် သူ့ဇနီးနဲ့အတူ ကမ်းခြေဟိုတယ်မှာ
အနားယူနေပါတယ်။ ညနေခင်းရောက်တော့ ဟိုတယ်ရဲ့ ၁၁ ထပ် သူ့အခန်းကနေ
ဧည့်ကြိုကောင်တာဆီကို အလျင်စလိုဖုန်းခေါ် နေပါတယ်။
”ဒီမှာ ကျုပ်မိန်းမနဲ့ ကျုပ်စကားများနေလို့ ဒီလို မြန်မြန်လာပေးပါ။
ဟိုတယ်ပြတင်းပေါက်ကနေ ခုန်ဆင်းချမယ် လို့လည်း ပြောနေတယ်”
ဟိုတယ်မန်နေဂျာက ပြောပါတယ်။
”ကျွန်တော့်အနေနဲ့ လူကြီးမင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမှာ
မပါချင်ဘူးခင်ဗျာ။ ဟိုတယ်နဲ့ ဟိုတယ် ဝန်ထမ်းတွေဟာ ဒီလိုကိစ္စမျိုးမှာ
ဝင်ရောက်စွက်ဖက်ဖို့ ဝတ္တရားမရှိပါဘူး”
အဲဒီအခါ စိတ်ဆိုးတကြီးနဲ့ အမတ်မင်းက ထပ်ပြောလိုက်ပါတယ်။
”သောက်ကျိုးနဲ၊ ဒါ ကိုယ်ရေးကိုယ်တာ ကိစ္စ။ ဟုတ်လား။ ဒီမှာ
သောက်ရေးမပါတဲ့ ပြတင်းပေါက်က မပွင့်ဘူးကွ။ အဲဒါ ဟိုတယ်က
မြန်မြန်လာလုပ်ပေးရမယ့် ကိစ္စမဟုတ်ဘူးလားကွ ဟေ ”

ရဲစတိုင်း

The Myanma Age