ရန်ကုန်-နေပြည်တော် အမြန်လမ်းစစ်ဆေးယာဉ်အား လေးခွဖြင့်ပစ်သူ အမှုဖွင့်အရေးယူ

ပို့စ်တင်ချိန် - 6/03/2014 05:54:00 PM


ရန်ကုန်၊ ဇွန် ၂

မေ ၂၉ ရက် နံနက် ၄ နာရီ မိနစ်၂၀ ခန့်က အင်းစိန်မြို့နယ် သစ်တောအုပ်သည် ရန်ကုန်နေပြည်တော် အမြန်လမ်း တစ်လျှောက် နယ်မြေစစ်ဆေးခြင်းကို ဌာနပိုင်ဆာဖ့်နက်ပြာရောင်ယာဉ်ဖြင့် လိုက်လံစစ်ဆေးခဲ့စဉ် မိုင်တိုင်အမှတ် (၀/၃) အနီးရှိ တိုးဂိတ်တွင် နေပြည်တော်မှရန်ကုန်သို့ မောင်းနှင်လာသည့် တိုယိုတာကိုရိုလာယာဉ်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် လိုက်လံစစ်ဆေး ခဲ့သည်။

အမှတ် ၃ လမ်းအသုံးပြုခ ကောက်ခံရေးစခန်းတွင် ဟယ်ရီယာယာဉ် ကို ကျော်တက်မောင်းနှင်စဉ် ၎င်းယာဉ်တွင်း မှ လေးခွဖြင့်ပစ်သဖြင့် ဆာ့ဖ်ယာဉ်ရှေ့တံခါးမှန်ကွဲကာ ယာဉ်ရှေ့ခန်းတွင် ထိုင်နေသည့် တောအုပ်၏ ဘယ်ဘက် နားထင် ထိမှန်ဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ)၁၅၄/၁၄ ပြစ်မှုပုဒ်မ ၃၅၃/၃၃၇/၄၂၇/၁၁၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar