KBZ အသင်း နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြတ်မင်းကို ခန့်အပ်

ပို့စ်တင်ချိန် - 6/03/2014 05:25:00 PM

(မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်နှင့် ဦးစိုးမြတ်မင်းတို့ကို တွေ့ရစဉ် (ဓာတ်ပုံ - သက်ထွန်းအောင်))



KBZ အသင်းသည် အသင်း၏ နည်ပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်နှင့် KBZ အသင်း၏ကစားသမားဟောင်းဖြစ်သူ ဦးစိုးမြတ်မင်းအား ခန့်အပ်လိုက်ကြောင်း KBZ အသင်း၏ Facebook တွင်ဖော်ပြချက်အရ သိရှိရသည်။

ဦးစိုးမြတ်မင်းသည် ၂၀၀၉-၁၀ ရာသီများက KBZ အသင်း၏အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ရာသီတွင် KBZ လူငယ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

ဦးစိုးမြတ်မင်းသည် KBZ အသင်းကို ဇွန်(၂)ရက်က စတင်တာဝန်ယူကိုင်တွယ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။

“ဦးစိုးမြတ်မင်းကို အသင်း နည်းပြချုပ်အဖြစ် တာဝန်ပေးလိုက်ပါပြီ။ MNL ပွဲစဉ် (၁၁) ကစပြီး အသင်းကိုတာဝန်ယူမှာပါ” ဟု KBZ အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

KBZ အသင်းသည် MNL ပွဲစဉ် ၁၀ အပြီး၌ ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိသည်။


Eleven Media Group