ဘယ်သူလို့ ထင်လို့တုန်း

ပို့စ်တင်ချိန် - 6/03/2014 06:34:00 PM


ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လူတစ်ယောက်သည် အောက်ပါ အတိုင်းအော်နေသည်။
“လူတစ်ယောက်ကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက်နေရပြီ။ သူကတော့
အရှက်ကိုမရှိဘူး။ မသိချင်ယောင်ဆောင်ပြီး အုပ်ချုပ်နေတယ်”
ထိုသူ ၅ ကြိမ်ခန့် ဆက်တိုက်အော်ဟစ်နေစဉ် ထောက်လှမ်းရေးများ
လာဖမ်းခေါ်သွားသည်။ စစ်ကြောရေးစခန်းရောက်သော် ထိုသူကို မေးလိုက်သည်။
“မင်းက မြို့တော်ခန်းမရှေ့မှာ ဘာတွေအော်နေတာတုန်း”
“လူတစ်ယောက်ကြောင့် တစ်နိုင်ငံလုံး ဒုက္ခရောက်နေရပြီလို့ အော်နေတာပါ”
စစ်ဆေးရေးအရာရှိ မျက်လုံးတို့ ကျဉ်းသွားသည်။
“ဆိုစမ်းပါဦး၊ မင်းက ဘယ်သူ့ကို ရည်ရွယ်ပြောနေတာလဲ”
“ဘယ်သူရှိရမလဲ၊ ကင်ဂျုံအန်ပေါ့ဗျ၊ သူ့ကြောင့်
မြောက်ကိုရီးယားနိုင်ငံသားတွေ အ၀ါရောင်ကိတ်တွေပဲ စားနေရတာလေ”
“၀ိုး ဟိုးဟိုး၊ ဂလိုကိုး”
စစ်ဆေးရေးအရာရှိ ပြုံးလိုက်သည်။
“အေးပါကွာ၊ ဒါဆိုလည်း ပြီးတာပါပဲ။ ခင်ဗျား အေးအေးဆေးဆေး ပြန်လို့ရပါပြီ”
ထိုသူသည် အခန်းတံခါးဆွဲဖွင့်ထွက်ခါနီးတွင် စစ်ဆေးရေးအရာရှိကို လှည့်မေးလိုက်သည်။
“တဆိတ်လောက်ဗျာ၊ ကျွန်တော် ဘယ်သူ့ကိုရည်ရွယ်အော်နေတယ်လို့ ဆရာက ထင်နေလို့လဲဟင်”

ရဲစတိုင်း
The Myanma Age